ကမာရွတ် မေ ၂၆
ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ခရိုင်/မြို့နယ်လုံးဆိုင်ရာ ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယနေ့မနက်ပိုင်းက ကမာရွတ်မြို့နယ် အခြေခံပညာအမှတ်(၃)အထက်တန်းကျောင်းများ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်ပညာရေမှူးဦးပေါ်ဦးက ကမာရွတ်ခရိုင်တွင်အထက်တန်းအဆင့်(၆)ကျောင်း၊ အလယ်တန်းအဆင့်(၁)ကျောင်း၊ မူလတန်းအဆင့်(၁၁)ကျောင်း၊ ကိုယ်အထက်ကျောင်း(၇)ကျောင်း၊ ကိုယ်ပိုင်အထက်တန်းကျောင်းနှင့်ဘုန်တော်ကြီးသင်ပညာရေးကျောင်းမျာရှိပြီး ကမာရွတ်မြို့နယ်တွင် ကျောင်းပေါင်း(၂၅)ကျောင်းရှိကြောင်း၊ ယခု ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် အခမဲ့ကျောင်းအပ်နှံကြရမည်ဖြစ်ပြီး ပုံနှိပ်စာအုပ်၊ စာရေးကိရိယာများကိုပါ အခမဲ့ထောက်ပံ့ရရှိမည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ခရိုင်အုပ်ချုပ်ရေးမှူးအဖွဲ့ဝင်(၁)က ကျောင်းအပ်နှံရေးနေ့အခမ်းအနားကျင်းပရခြင်း၏ ရည်ရွယ်ချက်များ၊ ပညာရေးဌာန၏ရည်မှန်းချက်၊ ကျောင်းအပ်နှံရေးအတွက် ဆောင်ရွက်နေမှုများ၊ နိုင်ငံတော်မှအခမဲ့ထောက်ပံသော ကျောင်းသုံးပုံနှိပ်စာအုပ်များ၊ ဗလာစာအုပ်များ၊ စာရေးကိရိယာများရောက်ရှိမှုနှင့် မြို့နယ်များသို့ဆက်လက်ဖြန့်ဝေပေးနေမှုအခြေအနေများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ မိဘအုပ်ထိန်းသူများ သိရှိထားသင့်သည့် ယနေ့ပညာရေးစနစ်အကြောင်းများကို ရှင်းလင်းဆွေးနွေးပြောကြားသည်။
ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများက နိုင်ငံတော်မှအခမဲ့ ထောက်ပံ့သည့်ပုံနှိပ်စာအုပ်များ၊ ဗလာစာအုပ်များ၊ စာရေးကိရိယာများ၊ ကျောင်းဝတ်စုံများနှင့် အလှူရှင်များကထောက်ပံ့ပေးအပ်သည့် ဗလာစာအုပ်များနှင့်စာရေးကိရိယာများကို ကျောင်းသူ၊ ကျောင်းသားများထံ ထောက်ပံပေးအပ်ကြောင်း သိရသည်။
စိမ်းလဲ့