တာမိုးညဲ မေ ၂၆
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်ခရိုင်၊ တာမိုးညဲမြို့မစျေးအတွင်း၌ သန့်ရှင်းသပ်ရပ်မှုရှိစေရေးနှင့် မီးကြွေးမီးကျန်များ ရှိ၊ မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့နံနက် ၁၀ ခွဲအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် တာမိုးညဲမြို့မ စျေးအတွင်း၌ စျေးရောင်းစျေးဝယ် မိဘပြည်သူများအနေဖြင့် အသီးအရွက်နှင့်စားသောက်ကုန်များ၊ အဝတ်အထည်များနှင့် လူသုံးကုန်ပစ္စည်းများအား ကျန်းမာရေးနှင့် ညီညွတ်ပြီး သန့်ရှင်းသပ်ရပ်စွာဖြင့် စနစ်တကျရောင်းချရန်၊ မီးဘေး အန္တရာယ်မှ ကြိုတင်ကာကွယ်နိုင်ရန် မီးကြွင်းမီးကျန် ရှိ၊ မရှိ စစ်ဆေးခဲ့ပြီး မီးသတ်ဆေးဘူးများလည်း ချိတ်ဆွဲထားကြောင်း သိရသည်။
တာမိုးညဲမြို့မစျေးအတွင်းရှိ အမှိုက်သရိုက်များကို တာမိုးညဲမြို့နယ် ခွဲစည်ပင်သာယာရေးဌာနမှ အမှိုက်သိမ်းယာဉ်ဖြင့် စနစ်တကျသယ်ယူ စွန့်ပစ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဆောင်ရွက်မှုတွင် တာမိုးညဲမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းဌေးနှင့်ဝန်ထမ်းများ၊ တာမိုးညဲမြို့နယ်ခွဲ စည်ပင်သာယာရေးဌာနမှ တာဝန်ခံဒေါ် ထုဆန်နှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ ပူးပေါင်း၍ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တာမိုးညဲစျေးသည် (၅)ရက်တစ်ကြိမ်သာ ရောင်းချသည့် စျေးဖြစ်သော်လည်း နေ့စဉ်ဖွင့်လှစ် ရောင်းချသည့် စျေးရောင်းစျေးဝယ်များ ရှိသောကြောင့် စျေးတွင်း၊စျေးပြင် သန့်ရှင်းသပ်ရပ်မှုရှိစေရေး မြို့နယ်ခွဲ စည်ပင်သာယာရေးဌာနမှ နေ့စဉ်သန့်ရှင်းလုပ်ငန်းများကို ဆောင်ရွက် ပေးလျက်ရှိကြောင်း မြို့နယ်ခွဲ စည်ပင်သာယာရေးဌာနမှ သိရသည်။
(ခေါန်မိုင်)တာမိုးညဲ