ကော့ကရိတ်မြို့၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး Talk show ကျင်းပ

ကော့ကရိတ် မေ ၂၆

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး Talk Show ဆွေးနွေး ပွဲကို ယနေ့နံနက် (၉း၀၀) နာရီက Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြသည်။

ဆွေးနွေးပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အကြီးတန်းစာရေး ဒေါ်ခင်သီတာဆန်းနှင့် ရုပ်သံကျွမ်းကျင်-၃ ဒေါ်ဖြိုးသဥ္ဇာနွယ်တို့မှ Talk Show ပြုလုပ်ရသည့်ရည်ရွယ်ချက်နှင့် ကလေးအလုပ်သမား၏ အဓိပ္ပာယ်ဖွင့်ဆိုချက်၊ ကလေးအလုပ်သမားရေးရာအဖွဲ့၏ ရည်မှန်းချက် (၃) ရပ်၊ အလုပ်ရှင်များ အတွက် ကလေးသူငယ်အခွင့်အရေးဆိုင်ရာမူများ၊ ကလေးအလုပ်သမားများ၏ အသက်အရွယ်နှင့်ကျောင်းပညာရေး၊ ကလေးအလုပ်သမားများ၏ အလုပ်ချိန် ကန့်သတ်ချက်၊ ကလေးသူငယ်များနှင့်ပတ်သက်၍ ပါဝင်ဆောင်ရွက်မှုဆိုင်ရာ အခွင့်အရေးအကြောင်းအရာတို့ကို  ဆွေးနွေးပြောကြားခဲ့ကြသည်။

 ကော့ကရိတ်ခရိုင် ပြန်ဆက်ဦးစီးဌာနအနေဖြင့် ပြည်သူများအသိပညာဗဟုသုတရရှိစေရေးရည်ရွယ်၍ လစဉ်အသိပညာTalk show များ ဆောင်ရွက်လျက်ရှိပြီး အဆိုပါအသိပညာပေး Talk Show ဆွေးနွေးပွဲကို We Love Kawkareik Page တွင် လွှင့်တင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ခင်မျိုးဝင်း