လက်ပံတန်းမြို့တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ မတည်ထောက်ပံ့ငွေများထုတ်ပေး

လက်ပံတန်း မေ ၂၆

ပဲခူးတိုင်း​ဒေသကြီး၊ သာယာဝတီခရိုင်၊  လက်ပံတန်းမြို့နယ်တွင် နိုင်ငံစီးပွားမြင့်တင်ရေး ရန်ပုံငွေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အခြားစီးပွားရေး ကုန်ထုတ်လုပ်မှု MSME လုပ်ငန်းများအတွက် မတည်​ထောက်ပံ့ငွေများ ထုတ်ချေးပေးခြင်းကို မြို့နယ်အထွေထွေအုပ်ရေးဦးစီးဌာနရုံး၌ ယနေ့ နံနက် ၉ နာရီက ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် လက်ပံတန်းမြို့နယ် နိုင်ငံ့စီးပွားမြှင့်တင်ရေးလုပ်ငန်းကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဘုန်းလှိုင်က အဖွင့်အမှာစကားပြောကြားကာ သာယာဝတီခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဖြိုးဖြိုးအောင်က ချေးငွေဆိုင်ရာကိစ္စရပ်များ၊ စည်းကမ်းချက်များကို ရှင်းလင်းပြောကြာပြီး မွေးမြူရေးနှင့် အသေးစားကုန်ထုတ်လုပ်မှု လုပ်ငန်းရှင်များအား မတည်ထောက်ပံ့ချေးငွေများပေးအပ်ခဲ့သည်။

လက်ပံတန်းမြို့နယ်တွင် နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ထောက်ပံ့ချေးငွေအဖြစ် တစ်လလျှင် အတိုးနှုန်း ၀ ဒဿမ ၅ ရာခိုင်နှုန်းဖြင့် စိုက်ပျိုးရေးအတွက် ကျပ်သိန်း ၂၂၀၀၊ မွေးမြူရေးအတွက် ကျပ်သိန်း ၃၅၀ နှင့် အခြားစက်မှုလက်မှု ကုန်ထုတ်လုပ်ငန်းများအတွက် ကျပ်သိန်း ၄၅၀ စုစုပေါင်း ကျပ်သိန်း ၂၆၀၀ ထုတ်ချေးသွားမည်ဖြစ်ကြောင်း မြိုနယ်နိုင်ငံ့စီးပွားမြှင့်တင်ရေးလုပ်ငန်းကြီးကြပ်မှုကော်မတီမှ သိရသည်။

မြို့နယ်(ပြန်/ ဆက်)