ဇမ္ဗူသီရိ မေ ၂၆
ပြည်သူများအနေဖြင့် နေ့စဉ်စားသုံးနေသည့် အစားအသောက်များအား ဘေးအန္တရာယ် ကင်းရှင်း စွာစားသောက်နိုင်ရေး၊ စားသုံးသူများ၏ လိုအပ်ချက်များနှင့် အခွင့်အရေးများ အပြည့်အဝ ရရှိစေရန်အတွက် အစားအသောက်ဘေးအန္တရာယ်ကင်းရှင်းစေရေး ကွင်းဆင်းစစ်ဆေးခြင်းကို ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဇမ္ဗူသီရိ မြို့နယ် အတွင်းရှိ မြို့မဈေးနှင့် သပြေကုန်းဈေးသို့ သွားရောက်၍ တာဝန်ရှိသူများက ကွင်းဆင်း စစ်ဆေးခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် ဇမ္ဗူသီရိမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၂) ဦးကျော်အောင်၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)မှ တာဝန်ရှိသူများ၊ မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှ ဒေါက်တာဇော်ဇော်အောင်နှင့် မြို့နယ်အစားအသောက် ဘေးအန္တရာယ် ကင်းရှင်းရေး ကော်မတီ အဖွဲ့ဝင်များက လှည့်လည်စစ်ဆေးရာတွင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန (FDA) မှ စားသုံးရန်မသင့် ကြေညာထားသည့် အစားအသောက်များနှင့် သက်တမ်းလွန် အစားအသောက်များ ရောင်းချခြင်း ရှိ/မရှိ၊ စားသောက်ကုန်များ ဘေးအန္တရာယ်ကင်းရှင်းရေး၊ ကုန်အညွှန်း အမှတ်အသား ပြည့်စုံမှန်ကန်မှုရှိစေရေးနှင့် ဈေးရောင်းချသူ ပြည်သူများအား စားသုံးသူအသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဟိန်းသူအောင်(ပြန်/ဆက်)