သိန္နီ မေ ၂၆
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်သည် အလေ့အထကောင်းများရရှိစေရန်၊ အပြန်အလှန်ဆွေးနွေးခြင်းဖြင့် ဗဟုသုတမျှဝေရန် ရည်ရွယ်၍ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့နှင့် စာဖတ်ဝိုင်း ဆောင်ရွက်ခြင်းကို မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့ နံနက်ပိုင်း အချိန်က ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အိအိသိမ့်က စာဖတ်ဝိုင်းဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းဆွေးနွေးခဲ့သည်။ ထို့နောက် စာဖတ်ဝိုင်းသို့ တက်ရောက်လာသော (Book Club) အဖွဲ့ဝင်များက စာရေးဆရာ လယ်တွင်းသားစောချစ် ရေးသားထားသော ပန်းလိုချင်အပင်ပျိုးတတ်မှ စာအုပ်မှ “ကလေးနှင့်ပညာရေး”ခေါင်းစဉ်ပါ အကြောင်း အရာများအား အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးဆောင်ကာ ဖွဲ့စည်းထားသော စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့ဖြင့် စာဖတ်ဝိုင်းဆောင်ရွက်ခြင်းကို တစ်လလျှင်တစ်ကြိမ် လစဉ်ပုံမှန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)