ပုဏ္ဏားကျွန်းမြို့၌ မုန်တိုင်းဒဏ်ကြောင့် ပြန်လည်ထူထောင်ရေးကိစ္စများ ဆောင်ရွက်ရန် ရောက်ရှိနေသော ဗိုလ်မှူးချုပ် ဝင်းမောင်နှင့်အဖွဲ့ဝင်များမှ ပြိုလဲသွားသည့် သစ်ပင်ကြီးများအား ခုတ်ထွင်ရှင်းလင်းဆောင်ရွက်နေမှုတို့အား ကြည့်ရှုအားပေး

ပုဏ္ဏားကျွန်း   ဧပြီ    ၂၇

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့ မြို့မဘုန်းတော်ကြီးကျောင်းတိုက်အတွင်း မိုခါမုန်တိုင်း တိုက်ခတ်မှုကြောင့် ပြိုလဲသွားသည့် သစ်ပင်ကြီးများအား ခုတ်ထွင်ရှင်းလင်းခြင်းကို ယမန်နေ့ နံနက်(၇)နာရီက နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့်မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များစုပေါင်း၍ ရှင်းလင်းဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ တပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များပါဝင်သည့်အဖွဲ့သည် မြို့မပရိယတ္တိဘုန်းတော်ကြီးကျောင်းတိုက်၌ မိုခါမုန်တိုင်းကြောင့် ပြိုလဲသွားသည့် သစ်ပင်ကြီးများ၊ လမ်းပိတ်ဆို့နေသည့် သစ်ပင်သစ်ကိုင်း များအား ဖယ်ရှားရှင်းလင်းပေးခြင်း၊ အမှိုက်သရိုက်များအား သန့်ရှင်းရေးဆောင်ရွက်နေသည့် နေရာသို့ ဗိုလ်မှူးချုပ်ဝင်းမောင်နှင့်အဖွဲ့ဝင်များ လာရောက် လှည့်လည်ကြည့်ရှုစစ်ဆေးပြီး၊ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်းသိရသည်။

နီထွန်းအောင်(ပြန်/ဆက်)