ကာလိ မေ ၂၇
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ကာလိမြို့၌ ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့ နံနက် (၉) နာရီ အချိန်ခန့်က မိုင်းယိုင်းကျေးရွာ ဝေဠုဝန် ဘုန်းတော်ကြီးကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဆွေးနွေးပွဲတွင် ကာလိမြို့ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးဆန်းမြင့်သန်းက မြို့ရွာ ဖွံဖြိုးတိုးတက်ရေးဆိုင်ရာများကို စတင် ဆွေးနွေးခဲ့ပြီး၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့ဦးစီးမှူး ဦးစိုင်းထွန်းဆာက အိမ်ထောင်စု လူဦးရေ ဆိုင်ရာများ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမိုင်းအောင်ဖေက သစ်တောသစ်ပင်ထိန်းသိမ်းရေးဆိုင်ရာများ၊ ကာလိနယ်မြေစခန်းမှ ဒုရဲအုပ် မြတ်သော်က မူးယစ်ဆေးဝါးအန္တရာယ်ဆိုင်ရာများနှင့် ယာဉ်စည်းကမ်း လမ်းစည်းကမ်း ဆိုင်ရာများ၊ မြို့စည်ပင်သာယာရေးဌာနမှ မြို့ဦးစီးမှူး ဦးခင်ဇော်ဦးက မြို့သန့်ရှင်းသာယာလှပရေးနှင့် အိမ်ခွန် ကောက်ခံရေးဆိုင်ရာများ၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးဇော်မြင့်က လျှပ်စစ်အန္တရာယ် ကင်းရှင်း ရေးဆိုင်ရာများ၊လျှပ်စစ်မီတာချထားရေးနှင့် လျှပ်စစ်မီးလင်းရေးဆိုင်ရာများ၊ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဦးစိုင်းငွေလေးက တောင်သူများ ပိုးသတ်ဆေးသုံးစွဲရာတွင် လိုက်နာဆောင်ရွက် ရမည့်အချက်များ၊ မြို့လက်ထောက်မီးသတ်ဦးစီးမှူး ဦးရဲမင်းဟိန်းက မီးဘေးအန္တရာယ်ဆိုင်ရာများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်ထင်ထင်ကျော်က သတင်းမီဒီယာ ဆိုင်ရာများနှင့် စာဖတ်ခြင်း အကျိုးကျေးဇူးများကိုလည်ကောင်း အသီးသီးဆွေးနွေးခဲ့ကြပြီး တက်ရောက်လာကြသည့် ဒေသခံပြည်သူများက သိရှိလိုသည်များ မေးမြန်းခဲ့ရာ သက်ဆိုင်ရာ ဌာနဆိုင်ရာများက ပြန်လည်ရှင်းလင်း ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
ထင်ထင်(ပြန်/ဆက်)