မိုင်းဆတ် မေ ၂၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲကို ယနေ့ နံနက်(၇)နာရီခွဲက ဝိန်းနေရပ်ကွက်ရှိ မိုင်းဖုန်းဆရာတော်ကျောင်းဝန်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲတွင် နယ်မြေခံတပ်နယ်မှ ခေတ္တတပ်နယ်မှူး ဗိုလ်မှူးကြီး တင်ထွန်းဝင်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဟိန်းကျော်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအားလွန်နှင့် မြို့နယ်သစ်တောဦးစီးမှူးဦးသန်းနိုင်တို့က ပျိုးပင်များပေးအပ်ရာ တာဝန်ရှိသူတို့က လက်ခံရယူခဲ့ကြသည်။
ဆက်လက်၍ နယ်မြေခံတပ်နယ်မှ ခေတ္တတပ်နယ်မှူး ဗိုလ်မှူးကြီးတင်ထွန်းဝင်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဟိန်းကျော်၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး နိုင်လင်းထွန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအားလွန်၊ ခရိုင်မြို့နယ်အဆင့် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ခရိုင်/မြို့နယ် အမျိုးသမီးရေးရာ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်၊ကျေးရွာများမှ ဒေသခံ ပြည်သူများက ကျွန်း (၂၀၀)ပင်၊ ပိတောက် (၁၀၀)ပင်၊ မယ်ဇလီ(၁၀၀)ပင်၊ စိန်ပန်းနီ(၁၀၀)ပင် တို့ကို တစ်ပျော်တစ်ပါး စိုက်ပျိုးခဲ့ကြသည်။
အဆိုပါ မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲသို့ နယ်မြေခံတပ်နယ်မှ ခေတ္တတပ်နယ်မှူး ဗိုလ်မှူးကြီး တင်ထွန်းဝင်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဟိန်း ကျော်၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး နိုင်လင်းထွန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအားလွန်၊ ခရိုင်မြို့နယ်အဆင့် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ခရိုင်/ မြို့နယ် အမျိုးသမီးရေးရာဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များနှင့် ရပ်ကွက်၊ကျေးရွာများမှ ဒေသခံပြည်သူ စုစုပေါင်း (၁၅၀)ဦး ခန့် လာရောက်စိုက်ပျိုး ခဲ့ကြကြောင်း သိရသည်။
မြင့်မောင်(ပြန်/ဆက်)