ကျောက်ဖြူမြို့၌ မုန်တိုင်းဒဏ်သင့်ပြည်သူများအား ဓညဝတီရေတပ်စခန်းဌာနချုပ်မှ ဝက်သား၊ ကြက်ဉ၊ ဘဲဉနှင့် ဟင်းသီးဟင်းရွက်များကို ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချ  

ကျောက်ဖြူ  မေ  ၂

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ ဆိုင်ကလုန်မုန်တိုင်း(မိုခါ)တိုက်ခတ်မှုကြောင့် မုန်တိုင်းဘေးဒဏ်ခံခဲ့ရသည့် ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၏ စားသောက်ရေးများအဆင်ပြေစေရန်နှင့် ၎င်းတို့ လိုအပ်သည့် စားသောက်ကုန်ပစ္စည်းများကို ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူစားသောက်နိုင်စေရန်အတွက် ဓညဝတီရေတပ်စခန်းဌာနချုပ်မှ နယ်မြေခံတပ်မတော်သားများနှင့် တာဝန်ရှိသူများက ယမန်နေ့နံနက်ပိုင်းက ကျောက်ဖြူမြို့၊ မြေစာရင်းမီးပွိုင့်လမ်းဆုံနေရာ၌ ဝက်သား၊ ကြက်ဉ၊ ဘဲဥနှင့် ဟင်းသီးဟင်းရွက်များကို ပြင်ပပေါက်ဈေးထက် သက်သာဈေးနှုန်းများဖြင့် ရောင်းချပေးသည်။

ထိုသို့ ဝက်သား၊ ကြက်ဉ၊ ဘဲဉနှင့် ဟင်းသီးဟင်းရွက်များကို ပြင်ပပေါက်ဈေးထက် သက်သာသော ဈေးနှုန်းများဖြင့် ရောင်းချပေးနေမှုအပေါ် ယခုကဲ့သို့ စားသောက်ရေးအခက်အခဲဖြစ်ပေါ် နေချိန်တွင် သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးသည့် တာဝန်ရှိသူများအား အထူးပင် ကျေးဇူးတင်ရှိပါကြောင်းနှင့် ဆက်လက်၍လည်း လာရောက်ရောင်းချပေးစေလိုပါကြောင်း ဈေးလာရောက်ဝယ်သူသည့် ပြည်သူတစ်ဦးမှ ပြောကြားသည်။ ယင်းသို့ ဓညဝတီရေတပ်စခန်းဌာနချုပ်မှ ဝက်သား၊ ကြက်ဥ၊ ဘဲဥနှင့် ဟင်းသီးဟင်းရွက်များကို ရောင်းချပေးလျက်ရှိရာ ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းမိသားစုများက တစ်ခဲနက် ဝယ်ယူခဲ့ကြကြောင်း သိရှိရသည်။

တင်ထွန်းဦး(ပြန်/ဆက်)