ကျောက်မဲမြို့နယ်၌ အခြေခံပညာကျောင်းသား/ကျောင်းသူ (၁၃၀၉၁)ဦး ကျောင်းအပ်နှံပြီးဖြစ်

ကျောက်မဲ မေ ၂၇

၂၀၂၃ -၂၀၂၄ ပညာသင်နှစ်တွင် ကျောင်းနေအရွယ် ကလေးများအားလုံး ပညာသင်ခွင့်ရရှိဖို့ ကျောင်းအပ်နှံစို့ဆောင်ပုဒ်နှင့်အညီ နိုင်ငံတစ်ဝန်းလုံး၌ တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်၊ မြို့နယ်များရှိ အခြေခံပညာအားလုံးတွင် မေလ ၂၃ ရက်နေ့မှ(၃၁)ရက်နေ့အထိ ကျောင်းအပ်နှံရေး ရက်သတ္တပတ်အဖြစ်သတ်မှတ်ထားပြီး ဇွန်လ ၁ ရက်နေ့ မှစတင်ကာ စာသင်ကျောင်းများအား ဖွင့်လှစ်သင်ကြားမည်ဖြစ်ရာ ရှမ်းပြည်နယ်(မြောက်ပိုင်း)ကျောက်မဲမြို့နယ်တွင် မေလ ၂၆ ရက်နေ့အထိ အခြေခံပညာကျောင်းသား၊ ကျောင်းသူ(၁၃၀၉၁)ဦး ကျောင်းအပ်နှံပြီးဖြစ်ကြောင်း သိရသည်။

ကျောက်မဲမြို့နယ်အတွင်း၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင်  အခြေခံပညာကျောင်းပေါင်း(၂၄၁)ကျောင်း၊ ဘကကျောင်း(၆)ကျောင်း၊ ကိုယ်ပိုင်ကျောင်း(၂)ကျောင်း  စုစုပေါင်း (၂၄၉) ကျောင်း ဖွင့်လှစ်မည်ဖြစ်ပြီး မေ ၂၆ ရက်နေ့အထိ ကျောင်းသား/သူ စုစုပေါင်း(၁၃၀၉၁)ဦး၊ ကျောင်းအပ်နှံပြီးဖြစ်ကြောင်း၊ ကျောင်းအပ်နှံရာတွင် အသက်(၅)နှစ်အရွယ် ကလေးငယ်များအား သူငယ်တန်း(KG)တွင်အပ်နှံ၍ (၆)နှစ်အရွယ်ကလေးငယ်များကို ပထမတန်း(Grade-1)သို့ အပ်နှံရမည်ဖြစ်ပြီး ကျောင်းသား၊ ကျောင်းသူများအား ကျောင်းအပ်နှံရာ၌ မည်သည့်အခကြေးငွေမှ ကောက်ခံခြင်းမရှိကြောင်းနှင့် ကျောင်းသုံးပုံနှိပ်စာအုပ်များနှင့် ခဲတံ၊ ဗလာစာအုပ်များအား အခမဲ့ထုတ်ပေးလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ခရိုင်(ပြန်/ဆက်)