နတ်မောက်မြို့ သမိုင်းဝင် ရှေးဟောင်းရွှေဘုံသာမိုးကောင်းစေတီတော် ဘုရားကြီးတွင် ဆွမ်းဆန်စိမ်း လောင်းလှူပွဲ ကျင်းပ

နတ်မောက် မေ ၂၇

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့ ကန်ကြီးရပ်ကွက်ရှိ သမိုင်းဝင်ရှေး ဟောင်းရွှေဘုံးသာ မိုးကောင်းစေတီတော်ဘုရားကြီးတွင် ယမန်နေ့ညနေ ၄ နာရီအချိန်က မြို့ပေါ်ရှိ ပြည်သူများ စုပေါင်း၍ ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပခဲ့ကြသည်။

အဆိုပါ ဆွမ်းဆန်စိမ်းလောင်းလှူပွဲတွင် ကန်ကြီးရပ်ကွက်ရှိ သံဃာ့နာယကအဖွဲ့မှ ဦးဆောင်၍ မြို့ပေါ်ရှိ ဘုန်းတော်ကြီး ကျောင်းများမှ သံဃာတော်များ ပင့်ဖိတ် ပြီးဆရာတော်ကြီးများနှင့် သံဃာတော် အပါး(၁၅၀)ပါးအား မြို့ပေါ်ရှိရပ်ကွက် နေပြည်သူများက ဆန်၊ ကြက်သွန်၊ အချိုရည်၊ ဆေးပစ္စည်းများနှင့် လှူဖွယ်ဝတ္ထု ပစ္စည်းအမျိုးမျိုးတို့ကို လောင်းလှူခဲ့ကြကြောင်း သိရသည်။

လှဝင်း