လှည်းကူးမြို့နယ်တွင် အခြေခံစားသောက်ကုန်များ စျေးနှုန်းသက်သာစွာရောင်းချပေး

လှည်းကူး     မေ     ၂၇

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်တွင် ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှကြီးကြပ်၍ ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ အင်းတိုင်တပ်နယ်မှအရာရှိစစ်သည်များဦးဆောင်ပြီး ဌာနဆိုင်ရာ၀န်ထမ်းများနှင့်မိသားစု၀င်များအား အခြေခံစားသောက်ကုန်ပစ္စည်းများကို ဈေးနှုန်းသက်သာစွာ၀ယ်ယူရရှိနိုင်ရေးအတွက် ယမန်နေ့ညနေ ၄ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးဝန်းတွင် စျေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးကြောင်းသိရသည်။

ထိုသို့ရောင်းချရာတွင် ၀န်ထမ်းမိသားစုများအနေဖြင့် စားသောက်ကုန်များကို ပြင်ပပေါက်ဈေးထက် သက်သာစွာ၀ယ်ယူနိုင်ရေးအတွက် ခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏စီမံမှုဖြင့် ကြက်သားတစ်ပိဿာ(၅၅၀၀)ကျပ်နှုန်းဖြင့် ၁၀ ပိဿာကိုလည်းကောင်း၊ ၀က်သားတစ်ပိဿာ(၈၅၀၀)ကျပ်နှုန်းဖြင့် ၁၀ ပိဿာလည်းကောင်း၊ ငါးမြစ်ချင်းတစ်ပိဿာ(၃၅၀၀)ကျပ်နှုန်းဖြင့် ၁၀ ပိဿာကိုလည်ကောင်း၊ ကြက်ဥတစ်လုံး(၁၅၀)ကျပ်နှုန်းဖြင့်(၂၀၀၀)လုံးနှင့် ဟင်းသီးဟင်းရွက်များတို့အား စျေးနှုန်းသက်သာစွာရောင်းချပေးပြီး အပတ်စဥ်သောကြာနေ့တိုင်းရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

အေးအေးနွဲ့(ပြန်/ဆက်)