ဗန်းမော် မေ ၂၈
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သည့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ တိုးတက်မြှင့်မားစေရေးနှင့် ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက် ၈ နာရီက ဗန်းမော်တက္ကသိုလ်၌ ကျင်းပပြုလုပ်သည့် (၁၂)ကြိမ်မြောက်နေ့သင်တန်းဘွဲ့နှင်းသဘင် အခမ်းအနားသို့ တက်ရောက်ခဲ့ကြသည်။
အဆိုပါ နေ့သင်တန်းဘွဲ့နှင်းသဘင်အခမ်းအနားကို ဗန်းမော်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပါမောက္ခချုပ်နှင့်တကွ စီမံခန့်ခွဲရေးအဖွဲ့များ၊ ပညာရေးအဖွဲ့ဝင် ပုဂ္ဂိုလ်များနှင့်အတူ ဘွဲ့အပ်နှင်းမည့် စင်မြင့်သို့ တက်ရောက်ခဲ့ကြပြီး ပါမောက္ခချုပ်ဒေါက်တာနေသွယ်ကြည်ထံ ပါမောက္ခ(ဌာနမှူး)များက ဘာသာရပ်အလိုက် မဟာဝိဇ္ဇာ ဘွဲ့၊ မဟာသိပ္ပံဘွဲ့၊ ဝိဇ္ဇာဂုဏ်ထူးဘွဲ့၊ သိပ္ပံဂုဏ်ထူးဘွဲ့၊ ဝိဇ္ဇာဘွဲ့နှင့် သိပ္ပံဘွဲ့များအတွက် ကောင်းစွာအောင်မြင်ပေါက်မြောက်ခဲ့သည်ဟု ပညာရေးအဖွဲ့မှ ကြေညာခဲ့သည့် ဘွဲ့ယူမည့် ကျောင်းသား/ ကျောင်းသူများအား ပို့ဆောင်ရာ ပါမောက္ခချုပ်က ဘွဲ့ရမောင်မယ်များအား တစ်ဦးချင်း ဘွဲ့လက်မှတ် များကို ချီးမြှင့်အပ်နှင်းသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ဘွဲ့ရလူငယ်မောင်မယ်များအား ကချင်ပြည်နယ်၏ ဂုဏ်ဆောင်ပြယုဂ်တစ်ခုဖြစ်သည့် ဗန်းမော်တက္ကသိုလ်၏ နေ့သင်တန်း (၁၂)ကြိမ်မြောက်ဘွဲ့နှင်းသဘင်နှင့် အဝေးသင်သင်တန်း ပထမအကြိမ် ဘွဲ့နှင်းသဘင်ကို ကျင်းပနိုင်ခြင်းသည် အထူးပင်ဂုဏ်ယူရမည့် ဆောင်ရွက်ချက်တစ်ခုဖြစ်ပါကြောင်း၊ ယနေ့ လူငယ် နောင်ဝယ် လူကြီး ဆိုသည့်စကားနှင့်အညီ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ဖို့၊ ခိုင်မာသာယာဖို့၊ ယနေ့ ဘွဲ့ယူမောင်မယ်များက စတင်အခြေတည်နိုင်ရန် လိုအပ်ပါကြောင်း၊ နိုင်ငံအနာဂတ်လူ့စွမ်းအား အရင်းအမြစ်များဖြစ်သည့် ဘွဲ့ယူမောင်မယ်များအနေဖြင့် လက်တွေ့ဘဝတွင် လျှောက်လှမ်းရမည့်အခါ တက္ကသိုလ်ကသင်ကြားပေးလိုက်သည့် အသိပညာ၊ အတတ်ပညာများကို ထိရောက်စွာ၊ မှန်ကန်စွာ အသုံးချနိုင်သည့် နိုင်ငံ့သားကောင်းရတနာများဖြစ်ကြပါစေကြောင်း ဂုဏ်ပြုပြောကြားပြီး ပါမောက္ခချုပ်က ဘွဲ့နှင်းသဘင်မိန့်ခွန်းကို ပြောကြားခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် တက္ကသိုလ်ပင်မဆောင်အတွင်း မျက်နှာကျက်အမိုး ပျက်စီးနေမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး မျက်နှာကျက်အမိုး ပြန်လည်ပြင် ဆင်နိုင်ရေးနှင့် အခန်းတွင်း လေအေးပေးစက်များ တပ်ဆင်ပေးနိုင်ရေး ပါမောက္ခချုပ်ကြီး၊ တာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေကျပ်သိန်း (၆၀၀) ရင်းနှီးမတည်ပေးမှုဖြင့် တောင်သူ (၁၀၃)ဦးတို့၏ စုစုပေါင်းစိုက်ဧက (၅၁၄)ဧကပေါ်တွင် နွေစပါး (၂၁)ဧက၊ ဆောင်းပဲပုတ် (၁၁၃)ဧက၊ မြေထောက်ပဲ(၃၂၄)ဧက၊ အစေ့ထုတ်ပြောင်း(၃၃)ဧက၊ ဆီထွက်သီးနှံ (၂၅)ဧက၊ ဟင်းသီး ဟင်းရွက်(၅)ဧကတို့အား အဆောင်ရွက်နိုင်ခဲ့သည့် တာမိုင်းလုံကျေးရွာ စိုက်ပျိုးမွေးမြူရေး အကောင် အထည်ဖော်ရေး ကျေးရွာကော်မတီအဖွဲ့ဝင်များနှင့် ကျေးရွာဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ တွေ့ဆုံ ပွဲကျင်းပပြုလုပ်သည်။
ထိုသို့ တွေ့ဆုံရာတွင် ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံ့စီးပွားမြှင့်တင်ရေးအတွက် ပြည်နယ်အတွင်းရှိ စိုက်ပျိုးမွေးမြူရေးနှင့် MSME လုပ်ငန်း ထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်နိုင်ရေး ရင်းနှီး မတည်ငွေအဖြစ် ငွေကျပ် ၈ ဘီလီယံကို ထုတ်ပေးခဲ့ပါကြောင်း၊ သို့သော်လည်း ရင်းနှီးမတည်ငွေများ ဖြင့် ရပ်ကွက်နှင့် ကျေးရွာများအလိုက် အကောင်အထည်ဖော်ဆောင်ရွက်နေသည့် စိမံကိန်းလုပ်ငန်း များမှရရှိလာမည့် အတိုးငွေများအနက် (၇၅) ရာခိုင်နှုန်းကို ထပ်မံဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်း များတွင် အသုံးပြုသွားမည်ဖြစ်ပြီး၊ (၂၅)ရာခိုင်နှုန်းသာ ပြည်နယ်အဆင့်ကော်မတီအဖွဲ့ကို ပြန်လည် ပေးသွင်းရမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးရေးကဏ္ဍတိုး တက်မြင့်မားအောင် လုပ်ကိုင်ဆောင်ရွက်နေကြသည့် ကျေးရွာသူ/ ရွာသားများအနေဖြင့် စီမံကိန်းလုပ်ငန်းများ အောင်မြင်စွာဆောင်ရွက်နိုင်ရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း တိုက် တွန်းမှာကြားသည်။
ဆက်လက်၍ ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးဌေးလွင်က နိုင်ငံ့စီးပွားမြှင့် တင်ရေး ရန်ပုံငွေဖြင့် စိုက်ပျိုးရေးလုပ်ငန်းဆောင်ရွက်သည့် တောင်သူများအတွက် ထောက်ပံ့ ပေးအပ်သွားမည့် မျိုးစပါးမျိုးစေ့အိတ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီများနှင့် ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးနှင့် ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌတို့က ဒေသခံတောင်သူများအတွက် ဆင်းဧရီ-၃ အထွက်တိုးမျိုးစပါး မျိုးသန့်မျိုးပွားမျိုးစေ့ အိတ်များနှင့် စီးပွားဖြစ်မျိုးသန့်မျိုးစေ့အိတ်များကို အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြသည်။
ယင်းနောက် တာမိုင်းလုံကျေးရွာ စီမံကိန်းကော်မတီအဖွဲ့ဝင် တစ်ဦးက ချေးငွေရရှိမှုအခြေ အနေများ၊ သီးနှံများစိုက်ပျိုးဆောင်ရွက်နိုင်ခဲ့သည့် အခြေအနေများ၊ ကျေးဇူးတင်ရှိကြောင်းနှင့် တောင်သူများအတွက် စိုက်ပျိုးရေးသွင်းအားစု လိုအပ်ချက်များနှင့် ပညာရေး၊ ကျန်းမာရေး လိုအပ်ချက်များ တင်ပြဆောင်းဆိုကြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်ချက်များကို သက်ဆိုင်ရာဌာနများ နှင့် ပေါင်းစပ်ညှိနှိုင်း၍ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ဘုန်းတော်ကြီးကျောင်း ကျောင်းထိုင်ဆရာတော်အား ဖူးမျှော်ကြည်ညိုကာ ကျေးရွာအတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင် ရွက်လျက်ရှိသည့် အခြေအနေများကို လျှောက်ထားတင်ပြပြီး အလှူငွေနှင့် လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းခဲ့ကြကာ ကျေးရွာအတွင်း တောင်သူများ၏ နေအိမ်ခြံဝင်းများတွင် မိသားစုတစ်ပိုင် တစ်နိုင် ဝက်နှင့် နွားများ မွေးမြူထားရှိမှု အခြေအနေနှင့် အကျိုးအမြတ်ဖြစ်ထွန်းမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြကာစ မွေးမြူရေးအထောက်အကူပြုဆေးဝါးများကို ထောက်ပံ့ပး အပ်ခဲ့ကြသည်။
ယင်းနောက် အဆိုပါ ကျေးရွာအတွင်းရှိ နန်းတော်ဝင် ဆန်စက်လုပ်ငန်းလည်ပတ်ဆောင်ရွက် နေမှုအခြေအနေများ၊ ဗန်းမော်မြို့ နောင်ခိုရပ်ကွက်အတွင်းရှိ စန်းမေတ္တာဆန်စက် လုပ်ငန်းလည် ပတ်ဆောင်ရွက်နေမှုအခြေအနေများကိုလည်းကောင်း၊ ဦးကောင်း ဆန်စက်နှင့် ဆီစက်လုပ်ငန်းများ လည်ပတ်ဆောင်ရွက်နေမှုများကိုလည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ကုန်ကြမ်းရရှိနိုင်မှု အခြေအနေများ၊ ဈေးကွက်ရရှိမှုနှင့် မိသားစုဝင်ငွေရရှိမှု အခြေအနေများ မေးမြန်းဆွေးနွေးခဲ့ကာ လိုအပ်သည်များ ပံ့ပိုးကူညီဆောင်ရွက်ပေးနိုင်ရေး ဌာနဆိုင်ရာများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
ပြည်နယ် (ပြန်/ ဆက်)