ညောင်ဦးမြို့နယ် တောင်ဇင်းအုပ်စု ကောင်းပင်စည်ကျေးရွာသို့သောက်သုံးရေ ဂါလံ ၁၆၀၀ လှူဒါန်း

ညောင်ဦး  မေ  ၂၈

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ တောင်ဇင်းအုပ်စု ကောင်းပင်စည်ကျေးရွာသို့ဝေမျှ ခြင်းပရဟိတမိသားစုက ယနေ့နံနက် ၁၀ နာရီအချိန်က သောက်သုံးရေ ၁၆၀၀ ဂါလံသွားရောက် လှူဒါန်းပေးခဲ့ကြောင်း ညောင်ဦးမြို့နယ် ‌အေးမေတ္တာရေအလှူတော် အသင်းတာဝန်ခံ ဦးဝင်းမင်းထွန်းထံက သိရသည်။

ညောင်ဦးမြို့နယ်အတွင်းရှိ ကျေးရွာ၊ တဲတိုက်၊ စာသင်ကျောင်း၊ ဘုန်းတော်ကြီးကျောင်းများသို့ သောက်သုံးရေအလှူခံလာပါက ဝေမျှခြင်းပရဟိတအသင်းကသွား ရောက်လှူဒါန်းလျက်ရှိရာ ယနေ့တွင်လည်းညောင်ဦးမြို့နယ် တောင်ဇင်းအုပ်စု၊ ကောင်းပင်စည်ကျေးရွာသို့ ဝေမျှခြင်း မိသားစုကသောက်သုံးရေဂါလံ ၁၆၀၀ သွားရောက် လှူဒန်းခဲ့ကြောင်းသိရသည်။

ဒီပါလင်း