ပုဗ္ဗသီရိ မေ ၂၈
နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးမင်းနောင်၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်၊ အမြဲတမ်းအတွင်းဝန်၊ နေပြည်တော်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါလျက် ယနေ့ညနေပိုင်းက ပုဗ္ဗသီရိမြို့နယ် ညောင်ပင်ကြီးစုကျေးရွာ၊ ကုမုဒြာကြာပန်းဝိုင်းအနီး ရာဇသင်္ဂဟလမ်းနှင့် တော်ဝင်ရတနာလမ်းထောင့်ရှိ ကြာကန်များအတွင်းရေတည်ရှိနေမှုကို ကြည့်ရှုစစ်ဆေးခဲ့သည်။
ထိုသို့ ကြည့်ရှုစစ်ဆေးရာတွင် နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန် ဦးမောင်မောင်၊ နေပြည်တော်ကောင်စီအတွင်းရေးမှူး ဦးတင်မောင်ဆွေ၊ အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်နှင့် တာဝန်ရှိသူများက ရေကန်များအတွင်း ရေများတည်ရှိမှုအခြေအနေ၊ ရေဝင်ရောက်မှုအခြေအနေနှင့် ရေပြန်လည် ဖြည့်သွင်းနိုင်မည့် အခြေအနေများကို ရှင်းလင်းတင်ပြရာ နေပြည်တော်ကောင်စီ ဝင် ဗိုလ်မှူးကြီးမင်းနောင်က အချိန်တိုအတွင်း သတ်မှတ်ရေပမာဏ ပြည့်မီအောင်ဆောင်ရွက်နိုင်စေရေး၊ ပြန်လည်ပြုပြင်၍ သန့်ရှင်းသာယာလှပစေရေး လိုအပ်သည်များကို မှာကြားခဲ့ကြောင်းသိရသည်။
လှိုင်မြင့်(ပြန်/ဆက်)