နိုင်ငံတော်အစိုးရမှ ဆက်ကပ်လှူဒါန်းသည့် မဟာကမ္မဋ္ဌာနာစရိယဘွဲ့တံဆိပ်တော်ရ ဘဒ္ဒန္တ မဟိန္ဒ မိုးကုတ် (၂၉) ဓမ္မရိပ်သာ၏ နာယကဆရာတော်ကြီးအား ဂုဏပူဇာပူဇော်ပွဲ အခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် တွင် နိုင်ငံတော်အစိုးရ မှ ဆက်ကပ်လှူဒါန်း သည့် မဟာကမ္မဋ္ဌာနာစရိယဘွဲ့တံဆိပ်တော်အား မိုးကုတ် (၂၉)ဓမ္မရိပ်သာ၏ နာယက ဆရာတော်ကြီးအား ဂုဏပူဇော်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက အဆိုပါရိပ်သာခန်းမ၌ ကျင်းပသည်။

ကျိုင်းတုံမြို့နယ်တွင် ၂၀၂၃ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်ရှိ တောင်သူများ အဆင်ပြေစေနိုင်ရေးအတွက် နိုင်ငံတော်က အတိုးနှုန်းသက်သာစွာဖြင့် ၂၀၂၃ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ် ချေးငွေများကို မေ ၂၆ ရက်က မြန်မာ့လယ်ယာဖွွံ့ဖြိုးရေးဘဏ်၊ ကျိုင်းတုံခရိုင်ဘဏ်ခွဲရုံးတွင် ဒေသခံစိုက်ပျိုးရေး တောင်သူများအား ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။

ဘားအံမြို့နယ်ဒေသဖွံ့ဖြိုးရေးအတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပါဝင်သောအဖွဲ့ဖြင့် ကွင်းဆင်းဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်း သာယာရေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရန် မြို့နယ်အဆင့်ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ယမန်နေ့မွန်းလွဲ (၁:၀၀) နာရီအချိန်ခန့်က  မူးကဝါကျေးရွာ၊ ရွှေကြာရံတောရ ကျောင်းဓမ္မာရုံတွင် ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ကွန်ဟိန်းမြို့နယ်၌ ကျောင်းအပ်နှံရေးသီးတင်းပတ် အခမ်းအနားကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကွန်ဟိန်းမြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းအပ်နှံရေး သီးတင်းပတ်အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက အမှတ်(၃)ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းသည်။

သုံးခွမြို့နယ် ဓမ္မစမ်းရေမိဘမဲ့ပရဟိတကျောင်းတွင် ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာ သင်တန်းဆင်းပွဲ ကျင်းပ

ရန်ကုန်တိုင်း‌ဒေသကြီး သန်လျင်ခရိုင်၊ သုံးခွမြို့နယ် အိဿယျကျေးရွာ ဓမ္မစမ်း​ရေ မိဘမဲ့ပရဟိတ​ကျောင်း၌ ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာသင်တန်းဆင်းပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က အဆိုပါကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ပင်းတယ၌ အခြေခံဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာသင်တန်း ဆုနှင်းသဘင်အခမ်းအနားကျင်းပ

ရှမ်းပြည်နယ်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်တွင် အခြေခံဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာစာမေးပွဲတွင် ဝင်ရောက်ဖြေဆိုအောင်မြင်ကြသော ကျောင်းသား၊ ကျောင်းသူများအား အောင်လက်မှတ်နှင့် စာအောင်ဆုများပေးအပ်ချီးမြှင့်ခြင်း ဆုနှင်းသဘင်အခမ်းအနားကို ယနေ့နံနက် ၈ နာရီက မြို့လယ်ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ဝါးခယ်မမြို့နယ်တွင် ကျောင်းအပ်နှံ ဆောင်ရွက်နေမှု အခြေအနေများအား ကြည့်ရှုအားပေး

တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အဖွဲ့ဝင်များသည် ယနေ့နံနက် ၁၀ နာရီခွဲအချိန်တွင် ဝါးခယ်မမြို့နယ်၊ အ.မ.က(ရေလိန်) ကျောင်းသို့ရောက်ရှိကာ ဆရာ၊ ဆရာမများနှင့်တွေ့ဆုံ၍ ကျောင်းအပ်နှံ ဆောင်ရွက်နေမှုအခြေနေများ တွေ့ဆုံဆွေးနွေးပြောကြားခဲ့ပြီး ရေလိန်ကျေးရွာပိုက်ဆံလျော် စိုက်ပျိုးထား ရှိမှု အား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ဗိုလ်မှူးချုပ်ခင်ဇော် မင်းပြားမြို့နယ်အတွင်းရှိစာသင်ကျောင်းများ အချိန်မီ ဖွင့်လှစ်နိုင်ရေး တာဝန်ရှိသူများအား တွေ့ဆုံမှာကြား

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ်၌မိုခါမုန်တိုင်းကြောင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်ရောက်ရှိနေသည့် ဗိုလ်မှူးချုပ်ခင်ဇော်သည် ယမန်နေ့ နေ့လည်ပိုင်းက မင်းပြားမြို့နယ် ပညာရေးမှူးရုံးခန်းမတွင် ဆရာ၊ဆရာမများ၊ ကျောင်းအုပ်ကြီးများ၊ ဆောက်လုပ်ရေးအဖွဲ့များနှင့် တွေ့ဆုံကာ ကျောင်းဖွင့်ချိန်အမီ ကျောင်းများဖွင့်လှစ်နိုင်ရေးနှင့် ကျောင်းအဆောက်အဦများအား ဆောက်လုပ်ပြီးစီးနိုင်ရေးအတွက် ညှိနှိုင်းဆွေးနွေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မင်းလှမြို့ ဒီလှိုင်းကျေးရွာအုပ်စုတွင် ကိုယ်ထူကိုယ်ထ ခလောက်ကျ ကွန်ကရစ် တတံတားသစ် ဖွင့်လှစ်

ပဲခူးတိုင်းဒေသကြီး၊သာယာဝတီခရိုင်၊မင်းလှမြို့နယ်၊ ဒီလှိုင်းအုပ်စု၊သရက်တောကျေးရွာအနီး သရက်တောကျေးရွာ-တောင်ပို့ကြီး- အင်းအုတ်ကုန်းကျေးရွာချင်းဆက် ကိုယ်ထူကိုယ် ထခလောက်ကျကွန်ကရစ်တတံတားကို ယမန်နေ့ နံနက် ၉ နာရီချိန်က ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ပုဗ္ဗသီရိမြို့နယ်၌ အဝါရောင်မျိုးဆက်သစ် ဘုန်းတော်ကြီးသင်ပညာမူလတန်းလွန်ကျောင်း နှစ်ထပ်ကျောင်း ဆောင်သစ် ဖွင့်ပွဲ အခမ်းအနား ကျင်းပ

ပုဗ္ဗသီရိမြို့နယ်၊ လယ်သာကျေးရွာအုပ်စု၊ YGW အဝါရောင်မျိုးဆက်သစ် ဘုန်းတော်ကြီး သင်ပညာမူလတန်းလွန်ကျောင်း၊ နှစ်ထပ် ကျောင်းဆောင်သစ်ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက အဆိုပါကျောင်း၌ကျင်းပခဲ့ကြောင်း သိရသည်။
Subscribe to