သာယာဝတီမြို့တွင် (၂၉)ကြိမ်မြောက် စိုက်ပျိုးရေးသိပ္ပံ(သာယာဝတီ)၏ကျောင်းဆင်း နှုတ်ဆက်ပွဲအခမ်းအနားကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၊ စိုက်ပျိုးရေးသိပ္ပံ (သာယာဝတီ) ကျောင်းဆရာစံခန်းမ၌ ယမန်နေ့နံနက် ၁၀ နာရီက (၂၉)ကြိမ်မြောက် ကျောင်းဆင်း နှုတ်ဆက်ပွဲ အခမ်းအနားကျင်းပပြုလုပ်ခဲ့သည်။

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်သည် သံဃာတော်များနှင့် သီလရှင်များအတွက် ဆွမ်းဆန်တော်များ ဆက်ကပ်လှူဒါန်းခြင်း၊ ဘုန်းတော်ကြီးကျောင်းများနှင့်စေတီများသို့ သွားလာမှုလွယ်ကူချောမွေ့စေရေးလမ်းခင်းရန်အတွက် ဘိလပ်မြေအိတ်များ ဆက်ကပ်လှူဒါန်းခြင်း အခမ်းအနာ

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ စစ်ကိုင်းတောင်ရိုး၊ မင်းဝံတောင်ရိုး၊ မင်းကွန်းတောင်ရိုးရှိ သံဃာတော်များနှင့်သီလရှင်များအတွက် ဆွမ်းဆန်တော်များနှင့် မင်းကွန်းတောင်ရိုးရှိ ဘုန်းတော်ကြီးကျောင်းများနှင့်စေတီများသို့ သွားလာမှုလွယ်ကူချောမွေ့စေရေးအတွက် ဘိလပ်မြေအိတ်များ ဆက်ကပ်လှူဒါန်းခြင်းအခမ်းအနားကို

ညောင်ဦးမြို့၌ ပြည်သူများအား သက်သာသောဈေးနှုန်းဖြင့် စားအုန်းဆီများ ဆက်လက်ရောင်းချ

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့တွင် မြန်မာနိုင်ငံဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များ၊ ခရိုင်စားသုံးသူရေးရာဦးစီးဌာနတို့၏ ကြီးကြပ်မှုဖြင့် စားအုန်းဆီများအား သက်သာသော ဈေးနှုန်းဖြင့် စားသုံးဆီရောင်းချခြင်းအား ယနေ့နံနက် ၉ နာရီ အချိန်မှစတင်ပြီး ညောင်ဦးမြို့နယ် ရပ်ကွက်/ကျေးရွာများသို့ ဆက်လက်ရောင်းချပေးနေကြောင်း သိရသည်။

ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား အသက်(၂၅)နှစ်အောက် အမျိုးသမီးဖူဆယ်ဘော်လုံးပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားကျင်းပ

မွန်ပြည်နယ်  မော်လမြိုင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား အသက်( ၂၅ )နှစ်အောက်  အမျိုးသမီး ဖူဆယ်ဘော်လုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ယမန်နေ့က မုဒုံမြို့နယ်အားကစားပြိုင်ဝင်းအတွင်းရှိ ဖူဆယ်ကွင်း၌ ကျင်းပသည်။

လှည်းကူးမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင်”  အားနေသောလက်များ"စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်တွင် ဒေသနေပြည်သူများ စာပေများဖတ်ရှုသည့် အလေ့အကျင့်ရှိစေရန်နှင့် စာပေဖတ်ရှုခြင်းမှရရှိသော စာဖတ်ခြင်း၏အကျိုးကျေးဇူးများအကြောင်း သိရှိစေရန်ရည်ရွယ်၍ ယမန်နေ့မွန်းလွဲ(၂)နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာရေးဆရာအောင်သင်း၏ အားနေသော လက်များ စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်ကြောင်း သိရသည်။

သီပေါမြို့နယ် အမှတ်(၇)အခြေခံပညာမူလတန်းကျောင်းတွင် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်များ ပြသဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ အမှတ်(၇)အခြေခံပညာမူလတန်းကျောင်းတွင် ယမန်နေ့မွန်းလွှဲ(၂)နာရီက အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲများ  ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ငါန်းဇွန်မြို့၌ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club)မှ စာဖတ်ဝိုင်းကျင်းပ

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ယမန်နေ့ညနေ ၃ နာရီ အချိန်က စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း(Book Club)မှ စာကြည့်တိုက်ဆိုင်ရာ ဆောင်းပါးများ စုစည်းတင်ဆက်မှု “စာဖတ်ခြင်းနှင့် ကြီးမြတ်သောလူမျိုး”စာအုပ်ကို လေ့လာဖတ်ရှုပြီး စာဖတ်ဝိုင်းကျင်းပခဲ့ကြောင်း သိရသည်။

သင်္ဃန်းကျွန်းမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)၌ လူငယ်နှင့်အကျင့်စာရိတ္တခေါင်းစဉ်ဖြင့် ဟောပြောပွဲ ကျင်းပ

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် လူငယ်နှင့်အကျင့်စာရိတ္တခေါင်းစဉ်ဖြင့် ဟောပြောပွဲကို ယမန်နေ့နံနက် (၁၁:၀၀)နာရီအချိန်က  ကျင်းပပြုလုပ်ခဲ့သည်။

မိုင်းခုတ်မြို့၌ ဒေသထွက်ကျွဲကောသီး(ခ)မအို့သီးများ လှိုင်လှိုင်ပေါ်၍ မိသားစုအပိုဝင်ငွေရရှိ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၌ ဒေသထွက်ကျွဲကောသီး(ခ)မအို့သီးများ လှိုင်လှိုင်ပေါ်သဖြင့် မိသားစုအပိုဝင်ငွေရရှိကာ အဆင်ပြေလျက်ရှိကြောင်း ဟိုခန့်ကျေးရွာမှ ကျွဲကောသီး (ခ)မအို့သီးတစ်ပိုင်တစ်နိုင် စိုက်ပျိုးရောင်းချသူ ဉီးအင်းနော်ထံမှ သိရသည်။

မိုင်းကိုင်မြို့နယ်၌ အခြေခံမဲစာရင်းမှန်ကန်ရေး မြေပြင်လူဦးရေစာရင်း တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်အတွင်း အခြေခံမဲစာရင်းများ မှန်ကန်စေရေး  မြေပြင်လူဦးရေစာရင်း တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်းများကို စတင်စစ်ဆေးဆောင်ရွက်လျက်ရှိရာ ယနေ့မနက်ပိုင်းက လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးထွန်းလှကျော်နှင့် ဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့်  တာဝန်ရှိသူ များက    အမှတ်(၁)ရပ်ကွက်  ပိုင်စန်းပိုင်း၊ အမှတ်(၃)ရပ်ကွက် နားလုံအနောက်ပိုင်း သို့ ကွင်းဆင်းခဲ့သည်။
Subscribe to