မကွေး မေ ၂၈
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင့်လွင်သည် အဖွဲ့ဝင်ဝန်ကြီးများနှင့်အတူ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါကာ မေလ ၂၆ ရက်နေ့နံနက်ပိုင်းက ချောက်ခရိုင်၊ ရေနံချောင်းမြို့၏ အရှေ့ဘက(၃.၅)မိုင်အကွာ၊မြို့ရှောင်လမ်း၏ အနောက် ဘက်(၁) မိုင်ခန့်အကွာတွင် တည်ရှိသည့် ဦးအောင်သောင်းရိုးနှင့် ကိုးဆယ်ရိုးတို့တွင် လျှိုပိတ် တမံ(၂)ခု တည်ဆောက်ခြင်းလုပ်ငန်းအား ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တာဝန်ရှိသူများ ဦးအောင်သောင်းရိုး လျှိုပိတ်တမံ တည်ဆောက်ခြင်းလုပ်ငန်းသို့ ရောက်ရှိ ကြည့်ရှုစစ်ဆေးရာ ညွှန်ကြားရေးမှူရုံး၊ တည်ဆောက် ရေး(၈) ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန တာဝန်ရှိသူများက ဦးအောင်သောင်း ရိုး လျှိုပိတ်တမံ တည်ဆောက်ခြင်းလုပ်ငန်းအတွက် မြေပြင်တိုင်းတာခြင်းလုပ်ငန်း၊ ဘူမိဗေဒ ဆိုင်ရာ စိန်လွန်တူးခြင်း၊ ခံနိုင်ဝန် စမ်းသပ်ခြင်းဆောင်ရွက်ကာ ဒီဇိုင်းပုံစံများရေးဆွဲ၍ လျှိုပိတ် တမံ(၂)ခု၊ နုန်းဖမ်း တမံ(၂)ခုနှင့် သဲနုန်းတူးဖော်ခြင်းလုပ်ငန်းဆိုင်ရာ အခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြမှုအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က လုပ်ငန်းအန္တရယ်ကင်းရှင်းရေး၊ လုပ်ငန်းအရည်အသွေး ပြည့်မီစွာဖြင့် သတ်မှတ်ကာလ အချိန်မီပြီးစီးရေးနှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားကာ၊ ဦးအောင်သောင်းရိုးနှင့် ကိုးဆယ်ရိုး လျှိုပိတ်တမံ(၂)ခု၊ နုန်းဖမ်းတမံ(၂)ခုနှင့် သဲနုန်းတူးဖော်ခြင်း လုပ်ငန်းဆိုင်ရာများ ဆောင်ရွက်ပေးခြင်းဖြင့် ရေနံ ချောင်းမြို့တွင်း ရပ်ကွက်များမှာ သဲနုန်းပို့ခြင်းနှင့် ရေကြီးရေလျှံဖြစ်ပေါ်မှုများကို သက်သာစေ မည့်အပြင် လျှိုပိတ်တမံမှ ရေဂါလန်(၄၆.၂၁)သန်းခန့် သိုလှောင်၍ အပူပိုင်းဒေသစိမ်းလန်း စိုပြည်ရေးအတွက် အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။
အဆိုပါ ဦးအောင်သောင်းရိုးလျှိုပိတ်တမံနှင့် နုန်းဖမ်းတမံ(၁)နှင့်(၂)တို့အား ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် မကွေးတိုင်းဒေသကြီး ဒေသဖွံ့ဖြိုးရေး ခွင့်ပြုရန်ပုံငွေကျပ်သန်း(၉၀၀)ဖြင့် တမံအမြင့် (၅၂)ပေ၊ တမံအလျား(၂၄)ပေရှိ ရေထုတ်ပြွန် 1’Φ GRP PIPE(သံကူကွန်ကရစ်)နှင့် မြေသားတမံ အမျိုးအစားဖြစ်ကာ၊ အများဆုံးသိုလှောင်ရေပမာဏ ၁၇၀ ဧကပေ(၄၆.၂၁ ဂါလန်သန်းပေါင်း) သိုလှောင်နိုင်မည်ဖြစ်ပြီး၊ ဦးအောင်သောင်းရိုးပေါ်ရှိ အကျယ် (၅၂)ပေ၊ အမြင့်(၇)ပေ၊ CRIB WEIR (Gabion Type)အမျိုးအစား နုန်းဖမ်းတမံ(၁)နှင့် ကိုဆယ်ရိုးပေါ်ရှိ အကျယ်(၅၂ ပေ ၆ လက်မ) အမြင့်(၆)ပေရှိ CRIB WEIR(Gabion Type)အမျိုးအစား နုန်းဖမ်းတမံ(၂)တို့ကို ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ပြီးစီးတည်ဆောက် သွားမည်ဖြစ်ကြောင်းနှင့် ယခုအခါ ဦးအောင်သောင်းရိုး လျှိုပိတ်တမံ လုပ်ငန်းခွင်တွင် ယာယီစခန်းများဆောက်လုပ်ခြင်း၊ ချဉ်းကပ်လမ်းချဲ့ထွင်ခြင်းနှင့် မြေဖို့ခြင်း လုပ်ငန်းများ၊ ယာယီရေထိန်းတမံ တည်ဆောက်ခြင်းတို့ကို ဆောင်ရွက်ပြီးစီးကာ၊ ရေထုတ်ပြွန် တည်ဆောက်ခြင်းလုပ်ငန်း မြေတူးဖော်ခြင်းနှင့် အောက်ခံကွန်ကရစ်လောင်းခြင်း တို့ကို ဆောင်ရွက်လျက်ရှိပြီး၊ တမံတည်ဆောက်ခြင်းလုပ်ငန်း အနေဖြင့် တမံချဉ်းကပ်လမ်း ဖောက်လုပ်ခြင်းနှင့် တမံ အောက်ခြေရှင်းလင်းခြင်းလုပ်ငန်းများကို စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။
မောင်ညီညာ