မုံရွာခရိုင် လူထုအခြေပြုဗဟိုဌာန၌ (၇၃)ကြိမ်မြောက် စာဖတ်ဝိုင်းကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ နယ်မြေခံစာရေးဆရာများ၊ Book Club အဖွဲ့ဝင်များနှင့် စာပေချစ်မြတ်နိုးသူများ၊ စာပေဝါသနာရှင်များစုပေါင်း၍ (၇၃)ကြိမ်မြောက် စာဖတ်ဝိုင်းကို ယနေ့နံနက်(၁၀)နာရီက အဆိုပါခန်းမတွင် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကျင်းပခဲ့ကြောင်းသိရသည်။

မက်မန်းမြို့နယ်၌ လားဟူတိုင်းရင်းသားတို့၏ (၂၇)မြောက် ကောက်သစ်စားပွဲတော်ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း) “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းမြို့နယ်တွင် လားဟူတိုင်းရင်းသားတို့၏ (၂၇)ကြိမ်မြောက်ကောက်သစ်စားပွဲတော်ကို မက်မန်းမြို့နယ်၊ ကွန်ဟောင်းကျေးရွာခန်းမတွင်ယမန်နေ့က စည်းကားစွာကျင်းပခဲ့သည်။

ဟိုပန်၌(၁၁)ကြိမ်မြောက် မြို့နယ်လုံးကျွတ်စုပေါင်းမဟာဘုကထိန်ပွဲတော်ကျင်းပရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ဟိုပန်မြို့နယ်၏နှစ်စဉ်ကျင်းပမြဲဖြစ်သော မြို့နယ်လုံးကျွတ်စုပေါင်းမဟာဘုံကထိန် ပွဲတော်ကျင်းပရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ အစည်းအဝေးခန်းမတွင်ပြုလုပ်ရာ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီနပ်နှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ပွဲတော်ကျင်းပရေးလုပ်ငန်းကော်မတီဝင်များ တက်ရောက်ခဲ့ကြသည်။
Subscribe to