ကေ့ာကရိတ်မြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းအပ်နှံရေး အခမ်းအနားကျင်းပ
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ကေ့ာကရိတ်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ခရိုင်အဆင့် ကျောင်းအပ်နှံရေး အခမ်းအနားကို “ကျောင်းနေ အရွယ်ကလေးအားလုံး ပညာရေးမဝေးဖို့ ကျောင်းအမြန်အပ်နှံကြပါစို့” ဟူသော ဆောင်ပုဒ်နှင့်အညီ ယနေ့နံနက် ၉ နာရီ အချိန်က ကေ့ာကရိတ်မြို့နယ် အ.ထ.က(၂)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။