လယ်ဝေး မေ ၂၈
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်အတွင်းရှိ လေဘေးသင့်ကျေးရွာများသို့ ဒို့လယ်ဝေး ပရဟိတ လူငယ်အသင်းမှ ယမန်နေ့ နေ့လယ်ပိုင်းက အနယ်နယ်အရပ်ရပ်မှ အလှူရှင်များကိုယ်စား အလှူငွေများ ကို ဒုတိယအကြိမ်မြောက် သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
တံတားဦးရွာဦးစေတီပြုပြင်ရန် ဒုတိယအကြိမ် လှူဒါန်းငွေကျပ် ၁၀ သိန်း၊ လေဆင်နှာမောင်း ကျရောက် ခဲ့သည့် အောင်မြင်ကုန်းကျေးရွာနှင့် တံတားဦးကျေးရွာများရှိ အိမ်ထောင်စု ၂၆၇ စု အား ငွေကျပ် ၆၅,၀၀၀ စီ ၊ နှလုံးခွဲစိတ်မည့် လူနာတစ်ဦးအတွက် ငွေကျပ် ၄၇၀,၇၀၀၊ မိုခါမုန်တိုင်းဘေးအတွက် အလှူငွေ ၂ သိန်းနှင့် စုစုပေါင်း အလှူငွေမှာ ၂၀,၀၂၅,၇၀၀ဖြစ်ကြောင်း ဒို့လယ်ဝေး ပရဟိတလူငယ်များအသင်းထံမှ သိရသည်။
ဝေကြည်(ပြန်/ဆက်)