စလင်း မေ ၂၈
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ်တွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှစားသုံးသူ ရေးရာအသိပညာပေးဟောပြောပွဲကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်စည်ပင်သာယာမြို့မ စျေးကြီးအတွင်းရှိ စျေးခေါင်းရုံးတွင် ယနေ့ နံနက် ၉ နာရီ ၃၀မိနစ် အချိန်က မြို့မစျေးအတွင်း အပြင်ရောင်းချသူလုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ ဟောပြောခဲ့ကြောင်း သိရသည်။
အဆိုပါဟောပြောပွဲတွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ခံ ဦးဆန်းလင်းမောင်က စားသုံးသူအခွင့်များ အပြည့်အဝရရှိစေရန်နှင့် တိကျမှန်ကန်ရှင်းလင်းသော သတင်းအချက်အလက်များသိရှိရန်၊ စားသုံးသောအစားအသောက်ကုန်ပစ္စည်းများ၊ ဘေးအန္တရာယ်ကင်းရှင်းရေး၊ ကျန်းမာရေး၊ စိတ်ကျေနပ်မှုရှိစေရေးအတွက် အာမခံချက်ပေးနိုင်သည့် အရည်အသွေးမြင့်မားသော ကုန်စည်ဝန်ဆောင်မှုများ ဖော်ဆောင်ဖြည့်ဆည်းပေးနိုင်စေရေးနှင့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဥပဒေအချက်အလက်များကို သိရှိလိုက်နာဆောင်ရွက်နိုင်စေရန် ရည်ရွယ်ပြီး စားသုံးသူများနစ်နာမှုရှိပါက မကွေးတိုင်းဒေသကြီး တိုင်းဦးစီးမှူးရုံးသို့လည်းကောင်း ဆက်သွယ်တိုင်ကြားနိုင်ကြောင်းနှင့် စလင်းမြို့နယ်စည်ပင်သာယာစျေးအတွင်းအပြင်ရောင်းချလျှက်ရှိသည့် ရောင်းချသူ ၊လုပ်ငန်းရှင်(၂၅)ဦး တက်ရောက်ခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာနမှ၊ အသိပညာပေး ဟောပြောခြင်းများနှင့် အသိပညာပေးလက်ကမ်းစာစောင်များကို ဝေငှခဲ့ပြီး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့နယ်သန့်ရှင်းသာယာလှပရေးအတွက် မေတ္တာရပ်ခံပန်ကြားချက် အသိပညာပေး လက်ကမ်းစာစောင်များကို ထပ်ဆင့်ဝေငှခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ ဆက်)