ကွန်ဟိန်းမြို့နယ်၌ ကျောင်းအပ်နှံရေးသီးတင်းပတ် အခမ်းအနားကျင်းပ

ကွန်ဟိန်း မေ ၂၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကွန်ဟိန်းမြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းအပ်နှံရေး သီးတင်းပတ်အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက အမှတ်(၃)ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းနိုင်က အမှာစကားပြောကြားပြီး မြို့နယ်ပညာရေးမှူး ဒေါ်နန်းဖြူဆိုင်မှ ကျောင်းအပ်လက်ခံမှုအခြေအနေများနှင့် ကျောင်းဖွင့်လှစ်မှု အခြေအနေများကို  ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။

ထို့နောက် အထက်တန်းအဆင့်၊ အလယ်တန်းအဆင့်၊ မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူများအား ကျောင်းနေရန်အခက်အခဲမရှိစေရေးအတွက် နိုင်ငံတော်မှ အခမဲ့ပေးအပ်သော ပုံနှိပ်စာအုပ်များ၊ ဗလာစာအုပ်များ၊ ခဲတံ၊ ဘောပင်များကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဌနှင့် တာဝန်ရှိသူများက သက်ဆိုင်ရာ ကျောင်းအုပ်ကြီးများထံ ပေးအပ်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ ဆက်)