အိမ်မဲ မေ ၂၈
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် တွင် နိုင်ငံတော်အစိုးရ မှ ဆက်ကပ်လှူဒါန်း သည့် မဟာကမ္မဋ္ဌာနာစရိယဘွဲ့တံဆိပ်တော်အား မိုးကုတ် (၂၉)ဓမ္မရိပ်သာ၏ နာယက ဆရာတော်ကြီးအား ဂုဏပူဇော်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက အဆိုပါရိပ်သာခန်းမ၌ ကျင်းပသည်။
အခမ်းအနားကို “နမောတဿ” (၃)ကြိမ်ရွတ်ဆို ဖွင့်လှစ်ခဲ့ပြီး မြို့နယ်သံဃနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ကြွရောက်လာသော သံဃာတော် အရှင်သူမြတ်များ မှ မေတ္တာသုတ်ပရိတ်တော်များ ချီးမြှင့်ခဲ့သည်။
ထို့နောက်မဟာကမ္မဋ္ဌာနာစရိယ ဘွဲ့တံဆိပ်တော် ဆက်ကပ်ခြင်းခံရသော မိုးကုတ် (၂၉)ဓမ္မရိပ်သာ ၏နာယကဆရာတော် ဘဒ္ဒန္တမဟိန္ဒ၏ ထေရုပ္ပတ္တိအား ပျဥ်းမငူဆရာတော် ဦးသီရိန္ဒ နှင့် ဂုဏဝန္ဒနာ ပူဇော်ကန်တော့လွှာအား ကွင်းကျောင်းပရိယတ္တိစာသင်တိုက်မှ တိုက်အုပ်ဆရာတော် ဥိးနေမိန္ဒ တို့က ဖတ်ကြားပူဇော်ခဲ့ကြောင်း၊ အိမ်မဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသက်ကိုကိုဦးက သာသနာတော် ဆိုင်ရာများအား ဆရာတော်သံဃာတော်များအား လှူဖွယ်ဝတ္တုများကို ဆက်ကပ်လှူဒါန်းခဲ့ကြောင်းနှင့် အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတု (၃)ကြိမ်ရွတ်ဆို၍ အောင်မြင်စွာရုတ်သိမ်းခဲ့ကြောင်း သိရသည်။
ချစ်သက်လယ်(အိမ်မဲ ပြန်/ဆက်)