မင်းလှမြို့ ဒီလှိုင်းကျေးရွာအုပ်စုတွင် ကိုယ်ထူကိုယ်ထ ခလောက်ကျ ကွန်ကရစ် တတံတားသစ် ဖွင့်လှစ်

မင်းလှ မေ ၂၈

ပဲခူးတိုင်းဒေသကြီး၊သာယာဝတီခရိုင်၊မင်းလှမြို့နယ်၊ ဒီလှိုင်းအုပ်စု၊သရက်တောကျေးရွာအနီး သရက်တော ကျေးရွာ-တောင်ပို့ကြီး- အင်းအုတ်ကုန်းကျေးရွာချင်းဆက် ကိုယ်ထူကိုယ် ထခလောက်ကျ ကွန်ကရစ် တတံတားကို ယမန်နေ့ နံနက် ၉ နာရီချိန်က ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ကွန်ကရစ်တံတားသစ်ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးထွဋ်နှင့် ဌာနဆိုင်ရာများ၊ ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကာ ကဗ္မည်းကျောက်စာတိုင်အား အမွေးနံ့သာရည်များ ပက်ဖျန်းပေးခဲ့ပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။

အဆိုပါ ခလောက်ကျတံတားသစ်ကို သရက်တောကျောင်းတိုက်ဆရာတော်ဦးဆောင်မှုဖြင့် ကျေးရွာသူ ကျေးရွာသားများ လှူဒါန်းငွေ ကုန်ကျမှုသိန်း(၃၂၀)ဖြင့် ဆောက်လုပ်ခဲ့ခြင်းဖြစ်ကြောင်း၊  အမြင့် ၁၀ ပေ၊ အကျယ် ၁၂ ပေ၊ အရှည် ၁၀၉ ပေရှိ RCကွန်ကရစ်အမျိုးအစားဖြစ်ကြောင်း၊ ၁-၄-၂၀၂၃ ရက်နေ့မှ စတင်တည်ဆောက်ခဲ့ရာ ၁၆-၅-၂၀၂၃ ရက်နေ့တွင်ပြီးခဲ့ကြောင်း၊  ကျေးရွာ (၅) ရွာ၊ အိမ်ခြေ (၁၀၀၀)၊လူဦးရေ (၄၀၀၀) နီးပါ အကျိုးပြုသွားလာနိုင်မည်ဖြစ်ကြောင်း သိရသည်။

ပေါက်စ(မင်းလှ)