သုံးခွ မေ ၂၈
ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင်၊ သုံးခွမြို့နယ် အိဿယျကျေးရွာ ဓမ္မစမ်းရေ မိဘမဲ့ပရဟိတကျောင်း၌ ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာသင်တန်းဆင်းပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က အဆိုပါကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်းအောင် နှင့်အဖွဲ့ဝင်များ၊ မြို့နယ် စည်းကမ်း ထိန်းသိမ်းရေးနှင့်စည်းရုံးရေးကော်မတီ ဥက္ကဋ္ဌနှင့် သင်တန်းဆရာမများမှ ဓမ္မစမ်းရေကျောင်းတိုက် ကျောင်းထိုင်ဆရာတော် ဦးဥတ္တမထံ လှူဖွယ်ပစ္စည်းနှင့်ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းခဲ့သည်။
ကလေးငယ်များအနေဖြင့် မင်္ဂလာတရားတော်နှင့်အညီ ပြုမှုနေထိုင်တတ် စေရန်၊ယဉ်ကျေးမှုကို မြတ်နိုးတန်ဖိုးထားတတ်စေရန်၊ယဉ်ကျေး လိမ္မာသော လူငယ်များ ဖြစ်လာစေရန်အတွက် ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာ သင်တန်းကို ဖွင့်လှစ်ရခြင်း ဖြစ်ကြောင်းနှင့် ဓမ္မစမ်းရေ မိဘမဲ့ကျောင်းတွင် (၃)ရက်ကြာ ဖွင့်လှစ်ပေးခဲ့ကြောင်းသိရသည်။
စည်သူလင်း (ပြန်/ဆက်)