ပုဗ္ဗသီရိ မေ ၂၈
ပုဗ္ဗသီရိမြို့နယ်၊ လယ်သာကျေးရွာအုပ်စု၊ YGW အဝါရောင်မျိုးဆက်သစ် ဘုန်းတော်ကြီး သင်ပညာမူလတန်းလွန်ကျောင်း၊ နှစ်ထပ် ကျောင်းဆောင်သစ်ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက အဆိုပါကျောင်း၌ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ကျောင်းဆောင်သစ်ကို အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီး ဌာနမှ ညွှန်ကြားရေးမှူးချုပ်ဦးနေဝင်း၊ နေပြည်တော်သာသနာရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဆန်းထွန်းအောင်၊ YGW အသင်း ဥက္ကဋ္ဌ ဦးကျော်ဆွေဦးနှင့် နေပြည်တော်တိုင်း သံဃနာယက ဥက္ကဋ္ဌ ဒေါက်တာဘန္ဒန္တမုနိကုမာရ ကဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့သည်။
ဆက်လက်၍ နေပြည်တော်သာသနာရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးဦးဆန်းထွန်းအောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး YGW အဝါရောင်မျိုးဆက်သစ်လူငယ်ပရဟိတ အသင်းကြီး၏ ဦးဆောင်ဆရာတော် ဘဒ္ဒန္တဣဿရိယ မှ ကျေးဇူးတင်စကားပြောကြားခဲ့ကာ ဗုဒ္ဓဘာသာယဉ်ကျေးမှု စာမေးပွဲအောင် ကျောင်းသားကျောင်းသူများနှင့်ပညာရေး ထူးချွန်ဆုရ ကျောင်းသား ကျောင်းသူများအား တာဝန်ရှိသူများက ဆုများအသီးသီး ချီးမြှင့်ပေးခဲ့ကြောင်းနှင့် YGW အဝါရောင်မျိုးဆက်သစ် ဘုန်းတော်ကြီးသင်မူလတန်းလွန်ကျောင်းမှ ကျောင်းသားကျောင်းသူများမှ အကများဖြင့် ကပြ ဖျော်ဖြေခဲ့ကြောင်း သိရသည်။
လှိုင်မြင့်(ပြန်/ဆက်)