မြေပုံမြို့၌ လေဘေးသင့်ပြည်သူများသို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ သဘာဝဘေးပြန်လည်ထူထောင်ရေးကော်မတီနှင့်အလှူရှင်များ ထောက်ပံ့သော ပစ္စည်း(၁၃)မျိုးအား လေဘေးသင့်ပြည်သူများသို့ အမြန်ရောက်ရှိရေး မြို့နယ်သဘာဝဘေးပြန်လည်ထူထောင်ရေးကော်မတီဝင်များနှင့် ညှိနှိုင်းဆွေးနွေး

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့နယ်၌ လေဘေးသင့်ပြည်သူများ အမိုး/အကာအောက် လုံခြုံစွာရောက်ရှိနိုင်ရေးနှင့် စာဝတ်နေရေး အဆင်ပြေစေရေးအတွက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ သဘာဝဘေးပြန်လည်ထူထောင်ရေးကော်မတီနှင့် အလှူရှင်များ ထောက်ပံ့သည့် ပစ္စည်း(၁၃)မျိုး တင်ဆောင် လာသည့် တပ်မတော်ကမ်းထိုးရေယာဉ်မှ ပစ္စည်းများအား မြို့မဆိပ်ခံတံတားသို့ တင်ဆောင်ပြီး ဖွင့်ဖောက် စစ်ဆေးလက်ခံ၍ လမ်းဦးစီးဌာန၊ ပစ္စည်းသိုလှောင်ရုံသို့  ပြောင်းရွှေ့သည်။

ဘူးသီးတောင်မြို့၌ မိုခါမုန်တိုင်းကြောင့် ပျက်စီးပြိုလဲသွားသော လျှပ်စစ်ဓာတ်တိုင်များ၊ မီးကြိုးများနှင့် ဓာတ်အားလိုင်းများ အမြန်ဆုံးပြီးစီးနိုင်ရေးပြင်ဆင်ဆောင်ရွက်

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်အတွင်းရှိ ကျေးရွာများ၌ မိုခါမုန်တိုင်း ကြောင့် လျှပ်စစ်ဓာတ်တိုင်များ၊ မီးကြိုးများနှင့်ဓာတ်အားလိုင်းများ ပျက်စီးနေခြင်းကို မြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံးမှ ဝန်ထမ်းများက ကျေးရွာများအထိကွင်းဆင်းပြီး အမြန်ဆုံးပြီးစီးနိုင်ရေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ပြည်မြို့နယ်တွင် "မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ"ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့နယ်တွင် သစ်တောသစ်ပင်များဖြင့် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေး၊ သစ်တောပြုန်းတီးမှုမဖြစ်ပေါ်စေရေး၊  ဒေသတွင်း အပူချိန်လျော့ကျလာစေရေးနှင့် သစ်တောသစ်ပင်ထိန်းသိမ်းကာကွယ်ရေးတို့အတွက် ရည်ရွယ်၍ မြို့နယ်သစ်တောဦးစီးဌာန၏ ဦးဆောင်မှုဖြင့် ယနေ့နံနက် ၈နာရီက ပြည်-အောင်လံကားလမ်းဘေး တုံးရေကြိုးဝိုင်း အကွက်အမှတ် ၁၂ ၌ "မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ"ကျင်းပခဲ့သည်။

ကွန်ပျူတာတက္ကသိုလ်(ဘားအံ) (၁၃) ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနား ကျင်းပ

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန ကွန်ပျူတာတက္ကသိုလ် (ဘားအံ)၏ (၁၃)ကြိမ်မြောက် ဘွဲ့နှင်း သဘင်အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီခွဲခန့်က အဆိုပါတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပခဲ့သည်။

မင်းလှမြို့တွင် (၃၇) ကြိမ်မြောက် စူဠဘွဲ့နှင်းသဘင် အောင်ဆုဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၌ ၂၀၂၂ ခုနှစ်တွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနက ကျင်းပပြုလုပ်ခဲ့သည့် အစိုးရပါဠိ ပထမပြန်စာမေးပွဲတွင် အောင်မြင်ခဲ့သော စာအောင်သံဃာတော်များအား အောင်လက်မှတ်နှင့် လှူဖွယ်ဝတ္ထုဆက်ကပ်လှူဒါန်းခြင်း (၃၇) ကြိမ်မြောက်စူဠဘွဲနှင်းသဘင်အခမ်းအနားကို အမှတ်(၆) ရပ်ကွက်ရှိ မြို့ကျက်သရေဆောင်သာသနာ့ဗိမ္မာန်တော်ကြီး၌ မေ ၂၈ ရက်နေ့လယ်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

ပွင့်ဖြူမြို့နယ်၌ ဗုဒ္ဓဘာသာအခြေခံယဉ်ကျေးလိမ္မာသင်တန်း(ဒုတိယအကြိမ်) ဖွင့်လှစ်ပို့ချ

မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်၌ အနာဂတ် မျိုးဆက်သစ် လူငယ်မောင်မယ်များနှင့် ကျောင်းသား၊ကျောင်းသူများ ဗုဒ္ဓအဆုံးအမ တရားတော်များနှင့် အညီ ယဉ်ကျေးလိမ္မာစွာ ပြုမူပြောဆိုနေထိုင်တတ်စေရန်အတွက် ရည်ရွယ်ဖွင့်လှစ်သည့် ဒုတိယအကြိမ် ဗုဒ္ဓဘာသာအခြေခံယဉ်ကျေးလိမ္မာသင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက် ၉ နာရီခွဲက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး ဗိုလ်ဥတ္တမခန်းမ၌ ကျင်းပခဲ့ သည်။
Subscribe to