ကေ့ာကရိတ် မေ ၂၈
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ကေ့ာကရိတ်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ခရိုင်အဆင့် ကျောင်းအပ်နှံရေး အခမ်းအနားကို “ကျောင်းနေ အရွယ်ကလေးအားလုံး ပညာရေးမဝေးဖို့ ကျောင်းအမြန်အပ်နှံကြပါစို့” ဟူသော ဆောင်ပုဒ်နှင့်အညီ ယနေ့နံနက် ၉ နာရီ အချိန်က ကေ့ာကရိတ်မြို့နယ် အ.ထ.က(၂)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ကျောင်းအပ်နှံရေးအခမ်းအနားအား သက်ဆိုင်ရာတာဝန်ရှိသူများက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီး အထက၊-တောင်ပေါ်ရပ်မှ ကျောင်းသူလေးများက “ပန်းကလေးများရဲ့ ဉယျာဉ်မှူး”သီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့သည်။ ထိုနောက် အရှေ့တောင်တိုင်း စစ်ဌာနချုပ် အမှတ်(၁)စစ်ဒေသမှူး ဗိုလ်မှူးကြီး မြင့်မောင်မောင် အဖွင့်အမှာစကားပြောကြားပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းဝေ ကနိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် လူ့စွမ်းအားအရင်းအမြစ်ကို အဓိကဆောက်တည်ရခြင်းဖြစ်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ သည် အသိပညာ၊အတတ်ပညာပြည့်စုံသည့် ပညာတတ်များပေါ်ထွက်လာစေရန် အလေးထားဆောင်ရွက်နေသကဲ့သို့ ကျောင်းနေရွယ်ကလေးအားလုံး ကျောင်းအပ်နှံရေးအခွင့်အလမ်းများရရှိစေရေး၊ ကျောင်းနေနှုန်း၊ ကျောင်းတက်နှုန်းမြင့်မားလာစေရန် ရည်ရွယ်ပြီး ကျောင်းအပ်နှံ ရေးနေ့ကို လူထုလှုပ်ရှားမှုအသွင်ဖြင့် ကျင်းပသွား မည်ဖြစ်ကြောင်း စသည်ဖြင့်ပြောကြားခဲ့ သည်။
ဆက်လက်ပြီး ကရင်ပြည်နယ် ပညာရေးမှူးရုံး ဒုတိယညွှန်ကြားရေးမှူး ဦးသိန်းစိုး၊ ကော့ကရိတ်ခရိုင်ခရိုင် ပညာရေးမှူး ဦးခွန်အောင်မျိုးဆွေတို့က Grade အတန်းအလိုက်ကျောင်း အပ်နှံပေးမှု အခြေအနေများ၊ အသက် ၅ နှစ်ပြည့်ပြီး ကလေးတိုင်း KG အတန်းကို လည်းကောင်း၊ အသက်၆နှစ်ပြည့်သူတိုင်း Grade-1သို့ လည်းကောင်း တက်ရောက်ပညာ သင်ကြားနိုင်ပြီး မည်သည့်ခွဲခြားမှု မရှိစေရေး၊ မည်သူတစ်ဦး တစ်ယောက်မှ မကျန်ရှိစေရေး ကျောင်းကိုဝင်ရောက်စေရေးအတွက် မေလ ၂၃ရက်နေ့မှ ၃၁ရက်နေ့အထိ ကျောင်းအပ်နှံ ရေး သီတင်းတစ်ပတ်ဖြစ် သတ်မှတ်ခြင်း၊ မြို့နယ်ပညာရေးမှူးဒေါ်ခင်ညိုညိုမေက မြို့နယ်အတွင်း ကျောင်းအပ်နှံရေး ကျောင်းစာရင်းများနှင့် ပတ်သက်၍ဆောင်ရွက်ပေးသွားမည့် အခြေအနေ များကို ရှင်းလင်း ပြောကြားခဲ့သည်။
ထို့နောက် တာဝန်ရှိသူများက နိုင်ငံတော်မှ ကျောင်းသား/ကျောင်းသူများအတွက် အခမဲ့ဖြန့်ဝေပေးသေ ာကျောင်းသုံးပုံနှိပ်စာအုပ်၊ ဗလာစာအုပ်၊ ဘောပင်နှင့် ခဲတံများအား ထောက်ပံ့ပေးအပ်ကာ ကျောင်းသား/ ကျောင်းသူများက လက်ခံရယူခဲ့ကြပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ ကြောင်းသိရသည်။
ခင်မျိုးဝင်း(ခရိုင်ပြန်ဆက်)