လောက်ကိုင်မြို့ ၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြို့နယ်အဆင့်  ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ

လောက်ကိုင် မေ ၂၈

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့၌  ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ် မြို့နယ်အဆင့် ကျောင်းအပ်နှံရေး အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီအချိန်က အမှတ်(၂)  အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ရှေ့ဦးစွာ အ.ထ.က(၂)ကျောင်းမှ ကျောင်းသား/ ကျောင်းသူလေးများက ကျောင်းအပ်နှံရေး နေ့တေး  သီချင်းဖြင့် အခမ်းအနားဖွင့်လှစ်ကာ  ဒေသအဆင့် ပညာရေးမှူး ဦးသန်းမော်မှ အဖွင့်အမှာစကား ပြောကြားသည်။ ဆက်လက်ပြီး ဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်း မှ ကျောင်းသား/ ကျောင်းသူများအား အခမဲ့ ကျောင်းသုံးပြဌာန်းစာအုပ်များ ပေးအပ်ခြင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းဇော်ဦးမှ ကျောင်းသား/ ကျောင်းသူများအား အခမဲ့ ကျောင်းဝတ်စုံများ ပေးအပ်ခြင်း၊ ဒေသအဆင့် ပညာရေးမှူး ဦးသန်းမော်မှ ကျောင်းသား/ ကျောင်းသူများအား အခမဲ့ ဗလာစာအုပ်များ ပေးအပ်ခြင်း၊ ‌ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ‌ ဒေသ ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး ကျော်‌ကျော်ဦးမှ အခမဲ့ဗလာ စာအုပ်များပေးအပ်ခြင်း၊  မြို့နယ် ပညာရေးမှူး ဆရာမကြီးဒေါ်ချို‌‌အေးမြင့်မှကျောင်းသား/ ကျောင်းသူများအား အခမဲ့ ဘောပင်၊ ခဲ့တံများ အသီးသီးပေးအပ်ခဲ့ကြပြီး ကျောင်းသား/ ကျောင်းသူများက “ဇာတိမာန်” သီချင်း တို့ဖြင့် ဖျော်ဖြေခဲ့ကြောင်း သိရသည်။

အဆိုပါ ကျောင်းအပ်နှံရေးနေ့အခမ်းအနားသို့ ဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်း၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဒေစီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး ကျော်ကျော်ဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းဇော်ဦးနှင့် အဖွဲ့ဝင်များ၊ ဒေသ ပညာရေးမှူး ဦးသန်းမော်၊ မြိုနယ်ပညာရေးမှူး ဒေါ်ချိုအေးမြင့်၊ ဒေသ/ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မိခင်နှင့်ကလေး၊ မျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ဆရာ/ဆရာမများ၊ ကျောင်းသားမိဘများနှင့် ကျောင်းသား/ကျောင်းသူများ စုစုပေါင်းအင်အား (၂၀၀)ဦးခန့် တက်ရောက်ခဲ့ ကြကြောင်း သိရသည်။

ညိုညိုဝင်း( လောက်ကိုင်)