နွားထိုးကြီးမြို့နယ်၌ မိုးရာသီအကြို သစ်ပင်စိုက်ပွဲတော်ကျင်းပ

နွားထိုးကြီး မေ ၂၈

မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့၌ အမှတ် (၇) ရပ်ကွက်အတွင်းရှိ စားသုံးသူရေးရာ ဝန်းအ တွင်းရှိ မြေကွပ်လပ်တွင်သစ်တောဦးစီးဌာန၏အစီအစဉ်ဖြင့် ၂၀၂၃ ခုနှစ် မိုးရာသီအ ကြို သစ်ပင်စိုက်ပွဲတော်ကျင်းပခြင်းကို ယနေ့ နံနက် ၈ နာရီက သစ်ပင်စိုက်ပွဲ ကျင်းပခဲ့သည်။

အဆိုပါ မိုးရာသီအကြိုသစ်ပင်စိုက်ပွဲသို့ မြိုနယ် အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်ဦး၊ မြို့နယ် စီမံအုပ်ချုပ်ရေးဖွဲ့ဝင်များ၊ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ အမျိုးသမီးရေးရာအဖွဲ့ တို့ဖြင့် စုစုပေါင်း အင်အား (၉၀) ဦးတက်ရောက်၍ ယူကလစ် (၅၀)ပင်၊ တမာ (၅၀)ပင်၊ မယ်ဇလီ (၅၀)ပင်၊ ကုက္ကို (၂၅)ပင်၊ ယင်းမာ (၂၅)ပင် စုစုပေါင်း (၂၀၀)ပင်အား စိုက်ပျိုးကြကြောင်း သိရသည်။

သန်းအောင်ဇော်