ညောင်ဦးခရိုင်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ခရိုင်အဆင့်ကျောင်းအပ်နှံရေးနေ့အခမ်းအနားကျင်းပ

ညောင်ဦး မေ ၂၈

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းအပ်နှံနိုင်ရေးအတွက် ခရိုင်အဆင့်ကျောင်းအပ်နှံနိုင်ရေးအခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲအချိန်က ညောင်ဦး (အခြေခံပညာ အထက်တန်းကျောင်း)ရှိ ပန်းမျိုးတစ်ရာ ခန်းမတွင် ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် အခြေခံပညာအထက်တန်းကျောင်း (မြို့မ) ကျောင်းသား၊ ကျောင်းသူ လေးများမှ ကျောင်းအပ်နှံကြပါစို့ သီချင်းဖြင့်သီဆို၍အခမ်းအနားဖွင့်လှစ်သည်။

ပြီးနောက် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်း အပ်နှံနိုင် ရေးအခမ်းအနားတွင် ညောင်ဦးခရိုင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတိုးလွင်ကအဖွင့် အမှာစကားပြောကြားပြီး၊ ညောင်ဦးခရိုင်၊ အခြေခံပညာဦးစီးဌာန၊ ဦးအောင်ဌေး(လက် ထောက်ညွှန်ကြားရေးမှူး)က ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွင်း ကျောင်းများဖွင့်လှစ် သွားမည့် အခြေအနေနှင့် ကျောင်းနေရွယ်ကလေးတိုင်း ကျောင်းအပ်နှံနိုင်ရေးအတွက်  ကျောင်းများ အလိုက် စီစဉ်ဆောင်ရွက်ထားရှိမှုများ၊ ကျောင်းသား၊ ကျောင်းသူများအတွက် ပညာရေး ဝန်ကြီးဌာနမှ ထောက်ပံ့ပေးအပ်မည့် အစီအစဉ်များကို ရှင်းလင်းပြောကြားခြင်းနှင့် ကျောင်းစာ ကြည့်တိုက်များ ရှင်သန်ခိုင်မာစေရေး တို့ကို ပြောကြားသည်။

ယင်းနောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတိုးလွင်နှင့်တာဝန်ရှိသူများမှ အခမဲ့ ထောက်ပံ့မည့် ကျောင်းဝတ်စုံများနှင့် ကျောင်းသုံးစာအုပ်/စာရေးကိရိယာများကို ပေးအပ်ကြရာ ညောင်ဦးခရိုင်ရှိ ကျောင်းသား၊ ကျောင်းသူများကိုယ်စား ညောင်ဦး အခြေခံပညာအထက် တန်းကျောင်း ကျောင်းသား၊ ကျောင်းသူများမှ လက်ခံရယူသည်။ အဆိုပါအခမ်းအနားသို့ ညောင်ဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတိုးလွင်၊ ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ကျောက်ပန်းတောင်းမြို့နယ်၊ မြို့နယ် ပညာရေးမှူး ဒေါ်မော်မော်၊ ညောင်ဦးမြို့နယ် ပညာရေးမှူး ဦးဖုန်းမောင်၊ ညောင်ဦးခရိုင် မိခင်နှင့် ကလေးစောင့်ရှောက်ရေးအဖွဲ့၊ ခရိုင်အမျိုးသမီးရေးရာအဖွဲ့၊ ညောင်ဦးမြို့နယ် မိခင်နှင့် ကလေးစောင့်ရှောက်ရေးအဖွဲ့၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ အခြေခံပညာ အထက် တန်းကျောင်း၊ အခြေခံပညာအလယ်တန်းကျောင်း၊  အခြေခံပညာမူလတန်းလွန်း ကျောင်း၊  အခြေခံပညာဘုန်းတော်ကြီးသင် ကျောင်းမှ ကျောင်းဆရာ/ဆရာမကြီးများ တက်ရောက်ခဲ့ကြပြီး အခြေခံပညာအထက်တန်းကျောင်း (ညောင်ဦး) ကျောင်းသား၊ ကျောင်းသူလေးများမှ ပညာ သည်သာရတနာ သီချင်းဖြင့် သီဆိုဖျော်ဖြေကြပြီး  ခရိုင်အဆင့်ကျောင်းအပ်နှံရေး အခမ်းအနား အောင်မြင်စွာ ကျင်းပခဲ့ကြောင်း သိရသည်။

ဒီပါလင်း