မိုင်းယန်းမြို့၌ နယ်လှည့်စာကြည့်တိုက် ဝန်ဆောင်မှုဖြင့် သုတ၊ ရသ စာအုပ်၊ စာစောင်များ လှည့်လည်ငှားရမ်း

မိုင်းယန်း မေ ၂၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများမှ ပြည်သူ့စာကြည့်တိုက်ဝန်ဆောင်မှုဖြင့် ပြည်သူများ အသိပညာဗဟုသုတ တိုးပွားရရှိစေရန်အတွက် ယနေ့နံနက် ၁၀ နာရီက မြို့ပေါ်ရပ်ကွက်များရှိ ဌာနဆိုင်ရာရုံးများသို့ သုတ၊ ရသစာအုပ်စာစောင်များ လှည့်လည်ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ပြည်သူ့စာကြည့်တိုက်ဝန်ဆောင်မှုဖြင့် ပြည်သူများ အသိပညာဗဟုသုတ တိုးပွားရရှိစေရန် ဆောင်ရွက်ပေးရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် စာဖတ်ပရိတ်သတ် ပြည်သူများ၊  အလုပ်မအား၍ စာအုပ်များလာရောက် ငှားရမ်းခြင်းမရှိသည့် ဝန်ထမ်းများအား စာအုပ်၊ စာစောင်များ အလွယ်တကူ ဖတ်ရှုနိုင်ရန်ရည်ရွယ်၍ နယ်လှည့်စာကြည့်တိုက် ဝန်ဆောင်မှုအဖြစ် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိပြီး နယ်လှည့် စာကြည့်တိုက် လုပ်ငန်းများ ဆောင်ရွက်ပေးခြင်းဖြင့် စာကြည့်တိုက်သို့ မလာရောက်နိုင်သူများ စာအုပ်၊ စာပေများ လေ့လာဖတ်ရှုခွင့်ရရှိကြပြီး ငှားရမ်းစာအုပ်များ ပြန်လည်အပ်နှံနိုင်ရေးနှင့် စာအုပ်များ အသစ်ထပ်မံငှားရမ်းနိုင်ရေးအတွက် အပတ်စဉ် ဝန်ဆောင်မှုလုပ်ငန်း များကို ကွင်းဆင်းဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထွန်းထွန်းထူး