ရွှေတောင် မေ ၂၉
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၌ ၂၀၂၃ ခုနှစ်၊ မိုးရာသီအကြိုကာလတွင် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်စေရေး၊ ရာသီဥတုအပူဒဏ်ကာကွယ်နိုင်ရေးနှင့် သစ်ပင်စိုက်ပျိုးခြင်းဖြင့် ရရှိလာမည့်အကျိုးကျေးဇူးများကို ဒေသခံပြည်သူများ ရရှိခံစားစေရန်ရည်ရွယ်၍ ရွှေတောင်မြို့နယ်သစ်တောဦးစီးဌာနမှ မိုးရာသီအကြိုသစ်ပင်စိုက်ပျိုးပွဲတော်ကို ယမန်နေ့နံနက်(၉)နာရီအချိန်က တရုတ်မှော်ကြိုးဝိုင်း၊ အကွက်အမှတ်(၂၂)၌ ကျင်းပသည်။
အဆိုပါ မိုးရာသီအကြိုသစ်ပင်စိုက်ပျိုးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟံဝင်းအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်သစ်တောဦးစီးဌာနမှ မြို့နယ်ဦးစီးဌာနမှူးဦးဇာနည်ဝင်းနှင့်ဝန်ထမ်းများ၊ ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။
သစ်ပင်စိုက်ပျိုးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက စိုက်ပျိုးမည့်အပင်များအား တက်ရောက်လာသူများကိုပေးအပ်ပြီး ကျွန်း၊ ပျဉ်းကတိုး၊ ပိတောက်စသည့် ပျိုးပင်ပေါင်း (၁၅၀)ကို စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်