လားရှိုး မေ ၂၉
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့နယ် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာ ကြီးကြပ်မှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၃)ကို ယနေ့နံနက် (၁၀)နာရီအချိန်က လားရှိုးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပသည်။
အစည်းအဝေးတွင် မြို့နယ်ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာ ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်နိုင်ဦးက မြန်မာနိုင်ငံ အမျိုးသားပတ်ဝန်းကျင်ရေးရာမူဝါဒနှင့် မြန်မာနိုင်ငံ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ မူဝါဒများကို အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊ ကဏ္ဍအလိုက် စီးပွားရေး၊ လူမှုရေးဆိုင်ရာ ဖွံ့ဖြိုးမှုစီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ပတ်ဝန်းကျင်ထိခိုက်မှု မရှိစေရန် ပတ်ဝန်းကျင် ထိခိုက်မှု ဆန်းစစ်ခြင်းစနစ် ချမှတ်ဖော်ဆောင်ရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ဘက်စုံစောင့်ကြပ်ကြည့်ရှုစစ်ဆေးခြင်း လုပ်ငန်းစဉ်များကို မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်မှုအခြေအနေများ၊ မြို့နယ်အတွင်း အစိမ်းရောင်စီးပွားရေးဆိုင်ရာ ပုဂ္ဂလိက ရင်းနှီးမြုပ်နှံမှုလုပ်ငန်းများကို ကဏ္ဍအလိုက် တိုးမြှင့်အကောင်အထည်ဖော် ဆောင်ရွက်မှုအခြေအနေများ ၊မြို့နယ်အတွင်း မြေအသုံးချမှု မှန်ကန်စေရေး သဘာဝသယံဇာတများ ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး၊ ဇီဝမျိုးစုံ မျိုးကွဲများ ထိန်းသိမ်းရေးနှင့် ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရန်အတွက် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်မှုအခြေအနေများ၊ ပလတ်စတစ်စွန့်ပစ်ပစ္စည်းအပါအဝင် စွန့်ပစ်ပစ္စည်းများကြောင့် ပတ်ဝန်းကျင် မထိခိုက်စေရန် စနစ်တကျ ထိန်းချုပ်ရေးနှင့် ပတ်ဝန်းကျင်ညစ်ညမ်းမှုများမရှိစေရန် ထိန်းသိမ်းကာကွယ်ရေးလုပ်ငန်းများကို ကြီးကြပ်ဆောင်ရွက်နေမှု အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားသည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် မြို့နယ်ပတ်ဝန်းကျင်စီမံခန့်ခွဲမှုကြီးကြပ်မှု ကော်မတီဝင်များက ကော်မတီအလိုက် လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို တင်ပြကြရာ မြို့နယ် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာ ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
စိုင်းထွန်း (လားရှိုး)