ကျိုက်မရော မေ ၂၉
မွန်ပြည်နယ်၊ ကျိုက်မရော၌ မိုးဦးကျရာသီရောက်ရှိလာပြီးဖြစ်၍ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများဦးဆောင်၍ ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများနှင့် Abate ဆေးခပ်ပေးခြင်းလုပ်ငန်းများကို မေလ ၂၉ ရက်က အ.ထ.ကကျိုက်မရောကျောင်းဝန်းနှင့် မြို့ပေါ်ရပ်ကွက်များတွင် ကွင်းဆင်းပြုလုပ်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် ရပ်ကွက်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများ၊ စာသင်ကျောင်းများ၊ ဌာနဆိုင်ရာရုံးများ၊ နေအိမ်များရှိ ခြင်များ၊ ပိုးလောက်လန်းများပေါက်ဖွားနိုင်သည့် ရေလှောင်ကန်များ၊ ရေစည်များ၊ ရေအိုးများ၊ ဘုရားပန်းအိုးများကို လိုက်လံစစ်ဆေးကြပြီး ပိုးလောက်လန်းမရှိစေရေး (Abate)ဆေးများခပ်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်များအား ကျန်းမာရေးဝန်ထမ်းများနှင့် အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ လူမှုရေးအဖွဲ့အစည်းများ ရပ်ကွက်အုပ်ချုပ်ရေးမှူးများပူးပေါင်းကာ မြို့ပေါ်ရပ်ကွက်များအတွင်း လိုက်လံဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)