မဟာအောင်မြေ မေ၂၉
မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ် မဟာနွယ်စဥ်ရပ်ကွက်၊ ၃၉ လမ်း၊ ၆၉x၇၁ လမ်းကြား၊ ဗန်းမော်ကျောင်းတိုက်၌ သီတင်းသုံးခဲ့သည့် ဗန်းမော်ဆရာတော် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ အဘိဓဇအဂ္ဂမဟာရဌဂုရုအဘိဓဇ အဂ္ဂမဟာသဒ္ဒမ္မဇောတိက ဒေါက်တာဘဒ္ဒန္တကုမာရဘိဝံသ၊ သက်တော် (၉၄) ၊ သိက္ခာတော် (၇၄) ဝါ အရတွင် ဘဝနတ်ထံ ပျံလွန်တော်မူသွား၍ အနယ်နယ်အရပ်ရပ်မှ နေ့စဉ်ရဟန်းရှင် (၁၅၈) ပါးခန့်နှင့် လူပုဂ္ဂိုလ် (၁၂၇၂) ဦးခန့် လာရောက်ဖူးမြှော်သူများပြားလျက်ရှိကြောင်း သိရသည်။
ဆရာတော်ကြီးဘုရားကြီးသည် သာသနာတော်အကျိုးကို သယ်ပိုးဆောင်ရွက်တော်မူရင်း သက်တော် (၉၄) နှစ်၊ သိက္ခာတော် (၇၄) ဝါအရ ၁၃၈၅ခုနှစ်၊ နယုန် လဆန်း (၇) ရက် (၂၅-၅-၂၀၂၃) ကြာသပတေးနေ့ည ၁၁ နာရီ ၁၁ မိနစ်အချိန်တွင် ဘဝနတ်ထံ ပျံလွန်တော်မူခဲ့ပြီး ဆရာတော်ဘုရားကြီး၏ ဥရုဇရုပ်ကလာပ် တော်အား မေလ (၂၆) ရက်နေ့မှ ဇွန်လ (၆) ရက်နေ့ နေ့လယ်ပိုင်းအထိ ဗန်းမော်ကျောင်းတိုက် ယာယီစံကျောင်းတော်၌ လာရောက်ဖူးမြှော်နိုင်ပြီး ဇွန်းလ (၆) ရက်နေ့ညနေပိုင်းတွင် ဗန်းမော်ကျောင်းတိုက်ရှိ ယာယီစံကျောင်းတော်မှ ချမ်းမြသာစည်လေဆိပ်ဟောင်းသို့ပင့်ဆောင်ပြီး အန္တိမအဂ္ဂိဈာပနပူဇာသဘင် အခမ်း အနားအား စည်းကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ဇော်မင်း