ဒေးဒရဲမြို့နယ်၌ မျိုးစေ့ထုတ်တောင်သူများအား မျိုးစေ့များထောက်ပံ့ပေးအပ်

ဒေးဒရဲ မေ ၂၉

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ မျိုးစေ့ထုတ်တောင်သူများအား စျေးကွက်ဝင်၍ အရည်အသွေး ကောင်းမွန်သော ဒေသနှင့် ကိုက်ညီသည့် မျိုးကောင်းမျိုးသန့်များ စဥ်ဆက်မပြတ် ထုတ်လုပ်ပြန့်ပွားနိုင်ရန် ရည်ရွယ်၍ ၂၀၂၃-၂၀၂၄ ခုနှစ် မိုးစပါးစိုက်ပျိုးရာသီအတွက် မျိုးစေ့ထုတ်တောင်သူများအား (RS) မျိုးစေ့များ ထောက်ပံ့ပေးအပ်ပွဲကို ယနေ့ နံနက် (၉)နာရီ က မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်က မြို့နယ်အတွင်းရှိ တောင်သူများ မိုးစပါးစိုက်ပျိုးရာသီတွင် တစ်ဧကစပါး(၁၀)တင်း ပိုမိုထွက်ရှိရေးအတွက် အထွက် ကောင်းမျိုးစပါးများနှင့် စိုက်ပျိုးရေးနည်းပညာများ ဖြန့်ဝေပေးလျက်ရှိရာ တောင်သူများအနေဖြင့် စနစ်တကျ လိုက်နာဆောင်ရွက်ခြင်းဖြင့် အရည်အသွေးကောင်းသည့်စပါးများ ပိုမိုထွက်ရှိလာ မည်ဖြစ် ကြောင်း ဆွေးနွေးမှာကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးဇော်မင်းထွန်းက မိုးစပါးစိုက်ပျိုးမည့် တောင်သူများ အထွက်နှုန်းတိုးတက်ရေးနှင့် မျိုးကောင်း မျိုးသန့်ပြောင်းလဲစိုက်ပျိုးနိုင်ရေးအတွက် (RS)မျိုးစေ့များ ထောက်ပံ့ပေး အပ်ရခြင်းနှင့် မျိုးစေ့ထုတ် စိုက်ပျိုးနည်းစနစ်များကို ရှင်းလင်းဟောပြောခဲ့ကြောင်း သိရသည်။

ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်နှင့် ဌာနဆိုင်ရာများက မြို့နယ် အတွင်းရှိ မိုးစပါးစိုက်ပျိုး ရာသီတွင် မျိုးစပါးစိုက်ပျိုးထုတ်လုပ်မည့် မြို့နယ်အတွင်းရှိ ကျေးရွာ အုပ်စု(၁၆)စုက တောင်သူ(၂၉)ဦး၏ မျိုးစေ့ထုတ်(၁၄၅)ဧက အား တစ်ဧက(၁)တင်းနှုန်းဖြင့် ပေါ်ဆန်းရင်၊ သီးထပ်ရင်၊ ဧရာမင်းစသည့် စပါးမျိုးသန့်များအား တောင်သူများလက်ဝယ် အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

အေဇာလင်း