လပွတ္တာ မေ ၂၉
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ်သစ်တောဦးစီး ဌာန၏ စီစဥ်ဆောင်ရွက်မှုဖြင့် သဘာဝ ပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေး၊ ရာသီဥတု ကောင်းမွန်မျှတရေး၊ သစ်တောသစ်ပင်များ ထိန်းသိမ်းခြင်းနှင့် ဒေသအပူချိန်လျှော့ ချနိုင်စေရန် ရည်ရွယ်၍ ၂၀၂၃ ခုနှစ်မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၈နာရီခွဲအချိန်ကလပွတ္တာ-သင်္ဃန်းကြီးကားလမ်းအနီး မိုင်တိုင်အမှတ် (၁/၆) နေရာတွင်ကျင်းပခဲ့သည်။
အဆိုပါ သစ်ပင်စိုက်ပျိုးပွဲတော်တွင် လပွတ္တာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မျိုးညွန့်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်သစ်တောဦးစီးဌာန ဦးစီးအရာရှိ ဦးငြိမ်းချမ်း-၂နှင့် ဝန်ထမ်းများ၊ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မိခင်နှင့် ခလေးစောင့်ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ ထင်းပုံစုကျေးရွာအုပ်ချုပ်ရေးအဖွဲ့နှင့်ဒေသခံပြည်သူများစုစုပေါင်း အင်အား (၁၅၀)ခန့်တို့က မန်ဂျန်ရှား (၅၀၀)ပင်၊ မဟော်ဂနီ (၅၀) ပင်၊ ကျွန်း(၁၀)ပင်၊ ပျဥ်းကတိုး (၂၀)ပင်၊ ယူကလစ် (၅၀)ပင် စုစုပေါင်း အပင်ပေါင်း (၆၃၀)တို့အား စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်