ဘားအံ မေ ၂၉
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘားအံမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယမန်နေ့နံနက် (၁၀) နာရီ အချိန်ခန့်က အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၊ မြသံလွင်ခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်းနှင့် မဟာမြကျွန်းသာ ကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက မြန်မာ့ ကျောင်းသီချင်းကို သီဆိုဖွင့်လှစ်ခဲ့သည်။ ထို့နောက် ပြည်နယ်ပညာရေးမှူး ညွှန်ကြားရေးမှူး ဦးစသိန်းကျော်က ပညာရေးသည် တိုင်းပြည်၏ အနာဂတ် ဖြစ်ကြောင်း၊ ကလေးငယ်များ ပညာတတ်မြောက်ရေးသည် အရေးကြီးကြောင်း၊ ကျောင်းနေအရွယ် ကလေးများအားလုံး ကျောင်းနေနိုင်ရေးနှင့် ပညာသင်ယူခွင့် ရရှိရေးသည် ကလေးများ၏ အခွင့်အရေး ဖြစ်ကြောင်း၊ မေလ ၂၃ ရက်နေ့မှ ၃၁ ရက်နေ့ထိ ကျောင်းအပ်နှံရေး ရက်သတ္တပတ်အဖြစ် သတ်မှတ်ကျောင်းအပ် လက်ခံခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့သည်။
ဆက်လက်၍ ပြည်နယ်ပညာရေးမှူး၊ ခရိုင်ပညာရေးမှူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်ပညာရေးမှူးနှင့် တာဝန်ရှိသူတို့က နိုင်ငံတော်က ကျောင်း သား/ကျောင်းသူများအတွက် အခမဲ့ ဖြန့်ဝေပေးသည့် ကျောင်းသုံးပစ္စည်း ကိရိယာများအား ကျောင်းသား၊ ကျောင်းသူများထံ ထောက်ပံ့ပေးအပ်ခဲ့ကြသည်။ အခမ်းအနားသို့ ပြည်နယ်ပညာရေးမှူး၊ ခရိုင်ပညာရေးမှူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးနှင့် ဆရာ/ ဆရာမများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ကျောင်းကော်မတီဝင်များ၊ ကျောင်းသားမိဘများနှင့် ကျောင်းသား၊ ကျောင်းသူ များက တက်ရောက်ခဲ့ကြပြီး ၂၀၂၃-၂၀၂၄ ခုနှစ် ပညာသင်နှစ်၌ ဘားအံမြို့နယ်အတွင်း မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများရှိ အခြေခံပညာသင်ကျောင်း စုစု ပေါင်း (၄၄၉) ကျောင်းကို ဖွင့်လှစ်၍ ကျောင်းသား၊ကျောင်းသူများအား ပညာသင်ကြားပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးထံမှ သိရသည်။
ဘားအံ (ပြန်/ဆက်)