တောင်သာ မေ ၂၉
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့ နံနက်( ၉ ) နာရီအချိန်က စာပေမြတ်နိုးသူများအဖွဲ့ (Book Club)နှင့် စာပေဝါသနာရှင်များမှ စာဖတ်ဝိုင်း ကျင်းပပြုလုပ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါစာဖတ်ဝိုင်းတွင်စာပေမြတ်နိုးသူများအဖွဲ့ (Book Club) အဖွဲ့ဝင်များမှ စာရေးဆရာ ဒေါက်တာ မတင်ဝင်းရေးသားသော အလုပ်ဆိုတာအင်အားပါ စာအုပ်မှ အလုပ်ဆိုတာအင်အားပါ အခန်း ဖတ်ကြား ရာတွင် အလုပ်ဆိုတာမိမိဘဝကိုခိုင်ခံ့စွာတည်ဆောက်ဖို့အတွက် အလိုအပ်ဆုံး အင်အားဖြစ်ကြောင်း၊ အလုပ်ရှိမှ အလုပ်ထဲမှာစိတ်နှစ်ထားတဲ့အတွက် မကောင်းသောအတွေး မကောင်းသောအကြံများ မဝင်အောင် တားဆီးနိုင်ကြောင်း၊ အလုပ်လုပ်ရင်းကမိမိဟာ အရင်ကထက် ပိုပြီးပြည့်ဝလာကာ စိတ်ဓာတ်ခိုင်မာလာတာကို မိမိဘာသာပြန်လည် ခံစားလို့ရလာကြောင်း၊ ဘဝရဲ့ အနိမ့်အမြှင့် အတက်အကျ စုံလျင်တဲ့ဘဝမျိုးကို ရင်ဆိုင်ပြီး မိမိကိုယ်ကိုထိန်းနိုင်မှ အင်အားက တကယ် ပြည့်ဝလာနိုင်မည် ဖြစ်ပါကြောင်းဆွေးနွေးပြောကြားခဲ့ပါသည်။
ကျော်မျိုးနိုင်(တောင်သာ)