နွားထိုးကြီးမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ

နွားထိုးကြီး မေ  ၂၉

မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့ အခြေခံပညာအထက်တန်းကျောင်း၊ အောင်သူရိန်ခန်းမ၌ ယနေ့နံနက် ၉ နာရီခွဲ အချိန်တွင်၂၀၂၃- ၂၀၂၄ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကျင်းပခဲ့သည်။

အဆိုပါအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်နိုင်ဦးမှ အဖွင့်အမှာစကားပြောကြားရာတွင် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများဖွင့်လှစ်သင်ကြားနိုင်ရေးနှင့် ကျောင်းသား၊ ကျောင်းသူများအန္တရာယ်ကင်းရှင်းစွာ ပညာသင်ကြားနိုင်ရေးအတွက် အလေးထား ဆောင်ရွက်သွားမည်ဖြစ်ကြောင်းကို ရှင်းလင်းပြောကြားခဲ့သည်။ မြို့နယ်ပညာရေးမှူး ဦးဝင်းဦးမှမြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများ အပ်နှံမှုရာခိုင်နှုံန်းအရေအတွက်နှင့် ကြိုတင်ပြင်ဆင်ထားရှိမှုများ၊ ကျောင်းနေအရွယ်ကလေးများ အားလုံး ပညာသင်ယူခွင့်ရရှိစေရေး  ကျောင်းအပ်နှံရေးအတွက် ဆရာ၊ ဆရာမများမှ ဆောင်ရွက်နေမှုကို ရှင်းလင်းဆွေး နွေးခဲ့သည်။ ကျောင်းသား၊ ကျောင်းသူများအတွက် ပညာရေးဝန်ကြီးဌာနမှ အခမဲ့ဖြန့်ဝေပေးသော ပုံနှိပ်စာအုပ်၊ ဗလာစာအုပ် ခဲတံများ၊ ကျောင်းဝတ်စုံများကို ပေးအပ်ခဲ့သည်။

အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်နိုင်ဦး နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများ၊ကျောင်သား၊ကျောင်းသူများတက်ရောက်ခဲ့ကြောင်းသိရသည်။

သန်းအောင်ဇော်