ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် အဖွဲ့ဝင်များမော်လမြိုင်ကျွန်း မြို့စံပြစိုက်ကွက်အတွင်း သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) ထည့်သွင်းမြှပ်နှံခြင်းတောင်သူ အသိပညာပေးကွင်းသရုပ်ပြပွဲသို့တက်ရောက်

မော်လမြိုင်ကျွန်း၊  မေ  ၃၀

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအ ဖွဲ့ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် အဖွဲ့ဝင်များက ဝဲဒေါင့်ကျေးရွာအုပ်စု၊ ဝဲဒေါင့်ကျေးရွာအတွင်းရှိ (၆) ဧက စံပြစိုက်ကွက်အတွင်း သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်) ထည့်သွင်းမြှပ်နှံခြင်းတောင်သူအ သိပညာပေးကွင်းသရုပ်ပြပွဲကို ယမန်နေ့ နေ့လည်(၁) နာရီက အဆိုပါစံပြစိုက်ကွင်းရှိ ပိုက်ဆံလျှော် စိုက်ခင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) စိုက်ကွင်း၌ တိုင်းဒေသကြီး ဦးစီးမှူးဦးစိန်မောင်မြင့်က သစ်စိမ်းမြေဩဇာစိုက်ပျိုး၍ ပြုလုပ်သုံးစွဲခြင်းအားဖြင့် အာဟာရပြည့်ဝသောသဘာဝမြေဩဇာများ ကြွယ်ဝသော အကျိုးကျေးဇူးများ၊ တောင်သူများလယ်ယာမြေများ အကျိုးရှိစွာ အသုံးချနို်ငရေး၊ တစ်နှစ်သုံးသီးစိုက်ပျိုးနိုင်ရေး တိုင်းဒေသကြီးအစိုးရဖွဲ့မှ ပံ့ပိုးကူညီဆောင်ရွက်နိုင်မှုအခြေအနေများ ကိုရှင်းလင်းပြောကြားသည်။

ထို့နောက် မြို့နယ်ဦးစီးမှူး ဦးမောင်မောင်သွင်က သီးထပ်သီးနှံများစိုက်ပျိုးမှုများအတွက် တိုင်းဒေ သကြီးအစိုးရအဖွဲ့နှင့် နည်းပညာပံ့ပိုးမှုများဆောင်ရွက်ပေးနိုင်မှု အခြေအနေများကိုလည်းကောင်း ရှင်းလင်းတင်ပြပြီး တက်ရောက်လာသည့် ဒေသခံတောင်သူများက သီးထပ်သီးနှံများစိုက်ပျိုးရာတွင် စိုက်ပျိုးရေရရှိရေး၊ ကိစ္စရပ်များကို တင်ပြကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

ရဲကိုမောင် (ပြန်/ဆက်)