အုတ်တွင်း မေ ၃၀
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့ပေါ်ရပ်ကွက်များအတွင်း သွေးလွန်တုပ်ကွေး ရောဂါကာကွယ်နိုင်ရန်အတွက် ယနေ့နံနက်ပိုင်းက ဖုံး၊ သွန်၊ လဲ၊ စစ်ဆောင်ရွက်ခြင်းနှင့် အဘိတ်ဆေးခတ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မကြာမီမိုးရာသီသို့ရောက်ရှိလာတော့မည်ဖြစ်သည့်အတွက် ခြင်မှတစ်ဆင့်ကူးစက်တတ်သောရောဂါများ ဖြစ်ပွားမှုမှကြိုတင်ကာကွယ်နိုင်ရန်ရည်ရွယ်၍ မြို့ပေါ်ရပ်ကွက်များအတွင်း ဖုံး၊ သွန်၊ လဲ၊ စစ်ဆောင်ရွက်ခြင်းနှင့် သောက်သုံးရေကန်များအား အဘိတ်ဆေးခတ်ပေးခြင်းဖြစ်ကြောင်း မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌဒေါ်ဇာခြည်မြင့်က ပြောသည်။
အဆိုပါသွေးလွန်တုပ်ကွေးရောဂါမဖြစ်ပွားစေရန် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို မြို့နယ်အဆင့်ကျန်းမာရေးဌာန၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့၊ အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဌာနမှ သိရသည်။
အေမင်းရည်စော(ပြန်/ဆက်)