ဧရာဝတီတိုင်းဒေသကြီး၊ အစိုးရအဖွဲ့ဝန်ကြီးချုပ် မော်လမြိုင်ကျွန်းမြို့နယ်၊ ကျော်ဇံကျေးရွာအုပ်စု၊ ထိန်ကုလားကျေးရွာ၌ ကွန်ကရစ်လမ်းသစ်ဖွင့်အခမ်းအနားသို့တက်ရောက်ဖွင့်လှစ်

မော်လမြိုင်ကျွန်း   မေ     ၃၀

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် အစိုးရအဖွဲ့ဝင်များသည် ခရိုင်စီ မံအုပ်ချုပ်အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများလိုက်ပါ၍ မော်လမြိုင် ကျွန်းမြို့နယ်၊ ကျော်ဇံကျေးရွာအုပ်စု ထိန်ကုလားကျေးရွာ၌ ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအခမ်းအနား ကို ယမန်နေ့ နံနက် (၁၁) နာရီချိန်က တက်ရောက်ဖွင့်လှစ်ခဲ့သည်။

အခမ်းအနားတွင် ရှေးဦးစွာကရင်ဒုံယိမ်းဖြင့် ကြိုဆိုဖျော်ဖြေပြီးနောက် ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကို ဆက်လက်ကျင်းပရာ နိုင်ငံတော်အကြံပေးအဖွဲ့ခေါင်းဆောင်က အဖွင့်အမှာစကားပြောကြားပြီး၊ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်က အမှာစကားပြောကြားသည်။ ထို့နောက်ဒေသခံပြည်သူတစ် ဦးကကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။

ဆက်လက်ပြီး ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များသည် ကွန်ကရစ်လမ်းသစ် ဖွင့်ပွဲအခမ်းအနားကိုတက်ရောက်ပြီး ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် အစိုးရအဖွဲ့ဝင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး အမွှေးနံ့သာရည်များပက်ဖျန်းပြီးနောက်စုပေါင်း မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူပြီးနောက်ကွန်ကရစ်လမ်းသစ်အားလှည့်လည်ကြည့်ရှုစစ်ဆေးပါသည်။

အဆိုပါ ကွန်ကရစ်လမ်းသစ်မှာ အရှည် (၂၄၅၀) ပေ၊ အကျယ် (၈) ပေ၊ ထုထည် (၇) လက်မဖြစ်ပြီး (၂၀၂၂-၂၀၂၃) ဘဏ္ဍာရေးနှစ်၊ ခွင့်ပြုရန်ပုံငွေ ကျပ် (၆၉.၆) သန်းဖြစ်ပြီး သမဝါယမနှင့် ကျေးလတ်ဒေ သဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနကတာဝန်ယူဆောင်ရွက်ခြင်းဖြစ်ကြောင်းသိရသည်။

ရဲကိုမောင် (ပြန်/ဆက်)