အိမ်မဲမြို့နယ်တွင် (PPTT) ဆရာအတတ်သင် သင်တန်းတတ်ရောက်မည့်ဆရာ၊ ဆရာမ (၅၀) ဦးအားကိုဗစ်-၁၉ပိုး ရှိမရှိစစ်ဆေးရာ (၃) ဦးပိုးတွေ့ရှိ

အိမ်မဲ မေ ၃၀

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပညာရေးဌာနမှ (PPTT)ဆရာအတတ်သင် သင်တန်းတတ်ရောက်မည့် ဆရာ၊ ဆရာမ (၅၀) ဦးအား ယမန်နေ့နံနက် (၁၀) နာရီအချိန်တွင် Rapid Antigen Diagnostic Test (RDT)ဖြင့် စစ်ဆေးရာ ဆရာမ (၂) ဦးနှင့် ဆရာ (၁)ဦးတို့တွင် ကိုဗစ်- ၁၉ ပိုးတွေရှိကြောင်း သိရသည်။

အဆိုပါပိုတွေ့လူနာများမှ ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေး (၂) ကြိမ်ထိုးနှံပြီးသူများဖြစ်ကြကာ ရောဂါလက္ခဏာ ခံစားနေရာခြင်းတစ်စုံတစ်ရာမရှိသဖြင့် Home Isolation ထားရှိပြီး ၎င်းတို့နှင့်ထိတွေသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးလုပ်ငန်းစဥ်များအတိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ချစ်သက်လယ်

အိမ်မဲ (ပြန်/ဆက်)