မိုင်းယောင်း မေ ၃၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းသား၊ သမီးများအား ပညာသင်ထောက်ပံ့ကြေး ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့က ဗလမင်းထင်ခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင်က အမှာစကားပြောကြားပြီး မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်နှင့် မိုင်းယုမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့မှ ဝန်ထမ်းသားသမီးများအား ပညာသင်ထောက်ပံ့ကြေးပေးအပ်ရာ တက္ကသိုလ်နှင့် အဆင့်မြင့်ပညာ ကျောင်းသား၊ ကျောင်းသူများအား ခရိုင်အုပ်ချုပ်ရေးမှူးနှင့် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌ ဒေါ်အေးအေးနွယ်တို့က ပေးအပ်သည်။
ထို့နောက် အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများကို ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်ခိုင်ကလည်းကောင်း၊ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေကလည်းကောင်း၊ မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူများကို ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးထွန်းသန့်ဇင်မျိုးကလည်းကောင်း အသီးသီး ပေးအပ်ခဲ့ကြကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း