ခန္တီး မေ ၃၀
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ကြီးမှူး၍ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုး ထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာအခြေခံ(အခမဲ့)သင်တန်းကို မေလ(၂၉)ရက်နေ့ နံနက်(၉)နာရီ မှစ၍ အဆိုပါဦးစီးဌာနခန်းမတွင် ဖွင့်လှစ်ခဲ့သည်။
ရှေးဦးစွာ လူမှုဝန်ထမ်းဦးစီးဌာန ခရိုင်ဦးစီးမှူးက လူမှုဝန်ထမ်းလုပ်ငန်းကြီး(၇)ရပ်အနက် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာနည်းပညာများပြည့်ဝ သော မူလတန်းကြိုကျောင်းများ၊ မိခင်ဝိုင်းများဖွင့်လှစ်နိုင်ရေးအတွက် အသက်(၆)နှစ်မှ(၃)နှစ် ရှေးဦး အရွယ်ကလေးသူငယ်များအား ပြုစုပျိုးထောင်ပေးကြမည့် မူကြိုဆရာမများ၊ ပြုစုစောင့် ရှောက်သူများအားလုံး လုပ်ငန်းခွင်တွင် နည်းစနစ်မှန်ကန်စွာ ဆောင်ရွက်နိုင်ရေးအတွက် ဖွင့်လှစ် ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
အဆိုပါသင်တန်းသို့ ခန္တီးမြို့နယ်အတွင်းရှိ ရပ်ဝေးရပ်နီးမှ အသက်(၁၈)နှစ်အထက် အမျိုးသမီးကလေးငယ်(၃၁)ဦး တက်ရောက်ကာ သင်ထောက်ကူပစ္စည်းများကိုဌာနမှအခမဲ့ ထောက်ပံ့ပေးသွားမည်ဖြစ်ပြီး သင်တန်းကာလမှာ မေလ(၂၉)ရက်နေ့မှ ဇွန်လ(၁၈) ရက်နေ့အ ထိသင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)