တွံတေး မေ ၃၀
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဖလားအသက် ၂၅ နှစ်နှင့်အောက် အမျိုးသား၊ အမျိုးသမီးဖူဆယ်ဘောလုံးပြိုင်ပွဲဝင်ရန်အတွက် တွံတေးခရိုင်အတွင်းရှိ မြို့နယ်များမှ အမျိုးသား၊ အမျိုးသမီးရွေးချယ်ခံရသော အားကစားသမားများအား ယနေ့နံနက်ပိုင်းကစတင်ကာ တွံတေးမြို့နယ်အားကစားရုံ(ခ)၌ စခန်းသွင်းလေ့ကျင့်နေပြီဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
တွံတေးခရိုင်အတွက် အမျိုးသား၊ အမျိုးသမီးအသင်းရွေးချယ်ခြင်းကို မေလ ၂၂ ရက်နေ့က ကော့မှူးမြို့နယ်၌ ရွေးချယ်ခဲ့ပြီး ခရိုင်ကိုယ်စားပြုကစားမည့်အားကစားသမား အမျိုးသား၊ အမျိုးသမီးဖူဆယ်အသင်းအား တွံတေးမြို့နယ်မြတ်ဖူဆယ်ကွင်း၌ စခန်းသွင်းလေ့ကျင့်ပေးလျက်ရှိပြီး အမျိုးသားအသင်းတွင် ၁၂ ဦး၊ အမျိုးသမီးအသင်းတွင် ၁၂ ဦးကို တွံတေးခရိုင်ကိုယ်စားပြုအဖြစ် ရွေးချယ်ထားကာ တွံတေးခရိုင် အမျိုးသားအသင်းသည် အုပ်စု(က)တွင် တွံတေး၊ ဒဂုံမြို့သစ်၊ အင်းစိန်၊ သင်္ကန်းကျွန်း၊ ခရိုင်များနှင့်ယှဥ်ပြိုင်ရမည်ဖြစ်ပြီး အမျိုးသမီးအသင်းသည် တွံတေး၊ သင်္ကန်းကျွန်း၊ ဗိုလ်တထောင်၊ သန်လျင်ခရိုင်များနှင့် ယှဥ်ပြိုင်ကစားရမည့်ဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးထံမှသိရှိရသည်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား အမျိုးသား၊ အမျိုးသမီး ဖူဆယ်ဘောလုံးပြိုင်ပွဲကို ဇွန်လ ၅ ရက်နေ့မှ ၁၂ ရက်နေ့အထိ အမျိုးသားအားကစားရုံ(၂)လှိုင်မြို့နယ်၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
တွံတေးသား