အမှတ်(၂)ခရိုင်ချင်းဆက်လမ်း ရေရှည်ခိုင်မြဲရေးလမ်းတာဘောင်များအား တောင်ကျရေတိုက်စားမှုမှ ကာကွယ်စေရန်အတွက် ကျောက်ရိုးစီရေတားတုံး(၄)နေရာ တည်ဆောက်သွားမည်ဖြစ်

ကျောက်ဆည် မေ   ၃၀

မန္တလေးတိုင်းဒေသကြီးအတွင်း ကျောက်ဆည်မြို့နယ် လမ်းဦးစီးဌာနမှ ဒေသအတွင်းကုန်စည်စီးဆင်းမှု မြန်ဆန်ရေးအတွက် ဘဏ္ဍာနှစ်အလိုက် ပျက်စီးနေသည့်လမ်းများ၊ လမ်းတာဘောင်များ၊ တံတားများနှင့် ရေပြွန်များအား ပြန်လည်ပြုပြင်ပေးလျက်ရှိရာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် အမှတ်(၂)ခရိုင်ချင်းဆက်လမ်း ရေရှည်ခိုင်မြဲရေး လမ်းတာဘောင်များအား တောင်ကျရေတိုက်စွာမှုမှ ကာကွယ်စေရန်အတွက် ကျောက်ရိုးစီ ရေတားတုံး(၄)နေရာ တည်ဆောက်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ ကျောက်ရိုးစီရေတားတုံးများပြုလုပ်မည့်နေရာသည် အမှတ်(၂)ခရိုင်ချင်းဆက်လမ်း၏ (၄၆.၅)ကီလိုမီတာနှင့်(၄၈.၅)ကီလိုမီတာအတွင်းရှိ လမ်းတာဘောင်အား ရေတိုက်စားခြင်းမှ ကာကွယ်စေရန် အတွက်  မန္တလေးတိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေ(၁၆.၀၀၀)ကျပ်သန်းဖြင့် မြို့နယ်လမ်းဦးစီးဌာနမှ ကျောက်ရိုးစီ ရေတားတုံး (၄)နေရာ တည်ဆောက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ အမှတ်(၂)ခရိုင်ချင်းဆက်လမ်းသည် မြို့နယ်များ၊ခရိုင်များနှင့် ဆက်သွယ်ထားသော လမ်းတစ်လမ်းဖြစ်သောကြောင့် ဒေသဖွံ့ဖြိုးရေးအတွက် များစွာအကျိုးရှိကြောင်းနှင့် လမ်းဦးစီးဌာနအနေဖြင့် ဒေသတွင်းကုန်စည်စီးဆင်းမှုလျင်မြန်စေရေး၊ မြိုပြနှင့်ကျေးလက်ကွာဟမှု မရှိစေရေး ပြည်သူလူထု တစ်ရပ်လုံး၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်မြင့်မားလာစေရန်အတွက် ဘဏ္ဍာနှစ်အလိုက် လမ်းများ၊ တံတားများ၊ လူနေထိုင်ရာ အဆောက်အအုံများ ဆောက်လုပ်ပေးခြင်း၊  သယ်ယူပို့ဆောင်ရေး လုပ်ငန်းများတွင် အချိန်နှင့်ကုန်ကျမှုစရိတ်သက်သာစေရေး၊ ဒေသထွက်ကုန်များနှင့် အခြားလူသုံးကုန် ပစ္စည်းများ သယ်ယူရာတွင် အချိန်တိုအတွင်း သယ်ယူနိုင်ရေး လိုအပ်သည့်လုပ်ငန်းများအား ဘဏ္ဍာနှစ်အလိုက် ဖြည့်ဆည်းဆောင်ရွက် ပေးလျက်ရှိကြောင်း သိရှိရသည်။

သက်မောင်(ကျောက်ဆည်)